ရုပ်ရှင်ဇာတ်ကား တစ်ကားအတွက် အဓိကအရေးကြီးဆုံး အချက်ကို သရုပ်ဆောင်ခန့်စည်သူပြောပြ

0
141

ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင် ခန့်စည်သူကတော့ လက်ရှိရုံတင်ပြသလျက်ရှိတဲ့ ‘ဝိုင်းကြီးချုပ်စပွန်ဆာ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာသြရသက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သရုပ်ဆောင်ခန့်စည်သူက အခုလို ပြောပြခဲ့ပါတယ်။

“ဝိုင်းကြီးချုပ်စပွန်ဆာ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်ပါဝင် သရုပ်ဆောင်ထားတဲ့ ကာရိုက်တာကတော့ ရွှေမှုံရ တီရဲ့ အဖေ၊ မုဆိုးဖိုနေရာကပါ။ မိန်းမလိုချင်နေတော့ ရုံးခန်းမှာရောက်ရှိလာတဲ့ ဝန်ထမ်းကောင်မလေးတွေကို ရေလာမြောင်း ပေးလုပ်တာပေါ့။ ဆံပင်ကကျတော့ အလယ်ခွဲလေးမခွဲဖူးတော့ ထူးထူးဆန်းဆန်းဟာသပုံစံလေးဖြစ်သွားအောင် လုပ် လိုက်တာပါ။ အဖေနေရာက သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် လူကြီးဆန်အောင်လည်း မျက်မှန်တပ်လိုက်တယ်။ ဒီဇာတ်ကားကပေးချင်တဲ့ Message ကတော့ လူတစ်ယောက်က ဘဝမှာကိုယ်နဲ့ထိုက်တန်တဲ့အခွင့်အရေး၊ ကိုယ်နဲ့ ထိုက်တန်တဲ့နေရာကိုပဲ ယူသင့်တယ်ဆိုတဲ့အကြောင်းပါ။ မတော်လောဘနဲ့ အခွင့်အရေးတွေပိုယူမယ်၊ နေရာပိုရ အောင်လုပ်မယ်ဆိုရင် ဒုက္ခရောက်တတ်တယ် ပြဿနာဖြစ်တတ်တယ်ဆိုတာကို ပြတာပေါ့” လို့ ပြောပြခဲ့ပါတယ်။
မတူညီတဲ့ ဟာသဇာတ်ကားတွေအကြောင်းနဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အဓိကကျတဲ့ လိုအပ်ချက် တွေကိုလည်း သရုပ်ဆောင် ခန့်စည်သူက …

“ကျွန်တော်တို့ လက်ရှိရိုက်ကူးနေကြတဲ့ ဟာသဇာတ်ကားက နှစ်မျိုးရှိတာပေါ့။ တစ်မျိုးကတော့ ဇာတ်လမ်းနဲ့ သွားတဲ့ဟာသ၊ နောက်တစ်မျိုးကတော့ ဇာတ်ကွက်နဲ့သွားတဲ့ဟာသပေါ့။ ဒီဇာတ်ကားကတော့ ဇာတ်လမ်းနဲ့သွားထားတဲ့ ဟာသဇာတ်ကားလေးပါ။ ဒါရိုက်တာညီညီထွန်းလွင်တို့၊ ဒါရိုက်တာသြရသတို့က တော့ ဇာတ်လမ်းနဲ့သွားတဲ့ ဟာသကားတွေ အရိုက်များတာပေါ့။ ဒီဘက် ခေတ်မှာ ရိုက်ကူးနေကြတဲ့ ဟာသဒါရိုက်တာ တော်တော်များများကတော့ ဇာတ်ကွက်နဲ့သွားတဲ့ ဟာသတွေများတယ်။ ဇာတ်လမ်းနဲ့သွားတဲ့ ဟာသ ဇာတ်ကားတွေကတော့ ဇာတ်လမ်းသဘောသဘာဝအရကြားထဲမှာ Link လေးတွေထည့်ရတယ်။ အဲဒီ Link လေးတွေက ရယ်ရင်လည်း ရယ်ရမယ်၊ မရယ်ရရင်လည်း အဲဒါက နောက်တစ်ခန်းအတွက် Link ပေါ့။ ဒါပေမဲ့ အဲဒီ Link လေးတွေကို သွားဖြုတ်လို့တော့မရဘူး။ ဘာလို့လဲဆိုတော့ တစ်ခန်းနဲ့ တစ်ခန်းချိတ်ဆက်ထားတဲ့ ချိတ်ဆက်တွေရှိတယ်။ဇာတ် ကွက်နဲ့သွားတဲ့ ဟာသတွေကျတော့ ကားရှည်တာပဲဖြစ်ဖြစ်ကြားထဲက ဖြုတ်လိုက် လို့ရတယ်။ ‘ဝိုင်းကြီးချုပ် စပွန်ဆာ’ ရုပ်ရှင်ဇာတ်ကားကတော့ ဇာတ်လမ်းနဲ့သွားထားတဲ့ဟာသဇာတ်ကားပါ။ ဇာတ်ကား တစ်ကားလုံးမှာ တစ်ယောက်နဲ့တစ်ယောက်က အချိတ် အဆက်ရှိတယ်။ ဇာတ်လမ်းသဘောအရပတ်လည် ရိုက်ကူးနေကြတာပေါ့။ ကျွန်တော်တို့ အခုနောက် ပိုင်းရုပ်ရှင်ဇာတ်ကားတွေမှာ တော်တော်များများ အရေးပါတာက ဇာတ်ညွှန်းပေါ့။ ဇာတ်ညွှန်း ကောင်းရင်တော့ ဇာတ်ကားကောင်းတစ်ကား ဖြစ်မှာပါ။ တချို့အချိတ်အဆက်မရှိတဲ့ ဇာတ် ညွှန်းတွေဆိုရင် ဇာတ်ကားကြည့်ရှုတဲ့အခါမှာ အဆင်မပြေဖြစ်တတ်ပါတယ်။ စကားလုံးတွေ လည်းကောင်းရမယ်ပေါ့။ အဲဒါကြောင့် ဇာတ် ညွှန်းနဲ့စကားလုံးက အရေးကြီးပါတယ်”လို့လည်း သရုပ်ဆောင် ခန့်စည်သူက ပြောပြခဲ့ပါတယ်။

နောက်ကားတွေ ကျော်တက်နေပြီမို့ အိမ် ထောင်ပြုဖို့မစဉ်းစားတော့ဘူးလားလို့ ဆက် လက်မေးမြန်းခဲ့ရာ …

“နောက်ကား ရှေ့ကားရယ်လို့တော့ မဟုတ် ပါဘူး။ ဖူးစာပါရင် အသက်ခြောက်ဆယ်မှ အိမ် ထောင်ကျရင်လည်းကျမယ်။ အသက်နှစ် ဆယ်မှာ အိမ်ထောင်ကျရင်လည်းကျမယ်။ နောက်ကား ရှေ့ကားရယ်လို့တော့ မခံယူထားပါဘူး”လို့ သရုပ် ဆောင်ခန့်စည်သူက ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here