နေပြည်တော်ကို ရုပ်ရှင်မြို့တော်အဖြစ် တည်ဆောက်မယ့်အပေါ် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ရဲ့ အမြင်

0
118

 

 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းဟာ ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် အာဇာနည်နေ့မှာ ရန်ကုန်မြို့ရှိ အာဇာနည်ကုန်းကို သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုခဲ့ပါ တယ်။

အဲဒီလိုဂါရဝပြုဖြစ်ခဲ့တာနဲ့ ပတ် သက်ပြီး “အာဇာနည်ခေါင်းဆောင် ကြီးတွေဟာ ကျွန်တော်တို့နိုင်ငံလွတ် မြောက်ဖို့အတွက် ကျွန်တော်တို့ လူ မျိုးတွေကို လွတ်လပ်တဲ့ လူမျိုးတစ် မျိုးအဖြစ် ရပ်တည်နိုင်ဖို့အတွက် ကြိုးစားပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် လည်း ကျွန်တော်တို့ဟာ အာဇာနည် ခေါင်းဆောင်ကြီးတွေကို နှစ်စဉ်နှစ် တိုင်း ဂါရဝပြုကြတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကလည်း အဲဒါကြောင့် နှစ်စဉ် တက် ရောက်ပြီး ဂါရဝပြုကြတာဖြစ်ပါ တယ်” လို့ ပြောပြပေးပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ဦးဆောင်တဲ့ ရုပ် ရှင်ပညာရှင်များ၊ သရုပ်ဆောင်များ၊ ဒါရိုက်တာများနဲ့ ထုတ်လုပ်သူများ ဟာ ဇူလိုင် ၁၃ ရက်နေ့က ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရဲ့နေအိမ် နေပြည်တော်မှာ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ ဇနီးဒေါ်ခိုင်နွယ်ဦးတို့က တည်ခင်း ဧည့်ခံတဲ့ ညစာစားပွဲ အခမ်းအနား ကို သွားရောက်ခဲ့ကြပြီး အဲဒီအခမ်း အနားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီညစာစားပွဲမှာ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က နေပြည်တော်ကို ရုပ် ရှင်မြို့တော်အဖြစ် တည်ဆောက်စေ လိုကြောင်းနဲ့ နေပြည်တော်ရဲ့ သဘာဝပတ်ဝန်းကျင် သာယာလှပမှု၊ လမ်းပန်းဆက်သွယ်ရေး အချက်အ ချာကျမှုစတဲ့ အခြေခံကောင်းများကို အနုပညာအတွက် အသုံးပြုနိုင်ရေး စဉ်းစားဆောင်ရွက်စေလိုကြောင်း တို့အပါအဝင် ရုပ်ရှင်လောက တိုး တက်ရေးနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အဲဒီနေ့က နေပြည်တော်ကို လိုက်ပါခဲ့တဲ့ အနုပညာရှင်၊ အတတ် ပညာရှင်တွေနဲ့အတူ ကျွန်တော်တို့ ကတော့ နေပြည်တော်ကို ရုပ်ရှင်မြို့ တော်အဖြစ် တည်ဆောက်စေလိုတဲ့ အပေါ်ကို သဘောကျမှုရှိပါတယ်။ ရုပ်ရှင်မြို့တော်ဆိုတာထက် နေပြည် တော်မှာ ရုပ်ရှင်စတူဒီယိုတွေ တည် ဆောက်ဖို့အတွက်ပေါ့။ အခုနောက် ပိုင်းမှာလည်း နေပြည်တော်မှာ ရုပ် ရှင်သွားရောက်ရိုက်ကူးသူတွေ ရှိနေ ပါပြီ။ ဒါ့အပြင် ကျွန်တော်တို့သည် ရုပ်ရှင်နှစ်တစ်ရာပြည့်ကို စည်ကားသိုက်မြိုက်အောင်ကြိုးစားရပါမယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် ပြော ထားခဲ့တဲ့ ရုပ်ရှင်စတူဒီယိုတွေ ရုပ် ရှင်သင်တန်းကျောင်းတွေ ကိစ္စသာ ရုပ်ရှင် နှစ်တစ်ရာမပြည့်ခင်မှာ ပေါ် ထွန်းလာခဲ့မယ်ဆိုရင် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ဟာ တော်တော်လေး အနှစ်သာရရှိရှိ အားအင်ပြည့်ဖြိုးစွာနဲ့ ဆက်လက် ချီတက်သွားလို့ ရမယ်လို့ မျှော်လင့်ရပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း က ပြောပြပေးခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here