Saturday, April 26, 2025

ငလျင်ဒဏ်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ(၂) သန်းကျော်အပါအဝင်...

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် အလှူငွေများစွာကိုလက်ခံရရှိထားသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၅ ရက်မွန်းလွဲပိုင်းကကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "...

ဘုရင်နှစ်ပါး အဆုံ

ဘူတန်ဘုရင်နှင့် မိဖုရားတို့သည် ထိုင်းဘုရင်နှင့် မိဖုရားအား ဧပြီလ ၂၅ ရက်နေ့၌ Thimphu ရှိ Tashichho Dzong တွင် ကြိုဆိုပွဲအခမ်းအနားဖြင့်...

နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်ဗီယက်နမ်သမ္မတ လာအိုသွား

ဗီယင်ကျန်း၊ဧပြီ ၂၅ ဗီယက်နမ်သမ္မတသည် လာအိုသမ္မတ၏ဖိတ်ကြားချက်အရ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း‌ဆောင်ရွက်‌ရေးကို ပိုမိုခိုင်မြဲစေရန်အတွက် ဧပြီလ၂၄ ရက်‌နေ့မှ ၂၅ ရက်‌နေ့အထိ လာအိုသို့သွားခဲ့သည်ဟု သိရသည်။ အဆိုပါခရီးစဉ်အတွင်း...

ထရမ့်ပ်၏အခွန်စည်းကြပ်မှုကယူအက်စ်ကိုပြန်ထိ–မဟာသီ

ကွာလာလမ်ပူ၊ဧပြီ ၂၅အမေရိက၏ ကျိုးကြောင်းဆီလျော်မှုမရှိသော အခွန်စည်းကြပ်မှုများချမှတ်ခြင်းသည် ယူအက်စ်ကိုသာ ပြန်ထိမည်ဖြစ်ကြောင်းနှင့် ထရမ့်ပ်အစိုးရသည် အဆိုပါမူဝါဒကိုရုတ်သိမ်းရန် ပြည်တွင်းဖိအားများနှင့်ပါရင်ဆိုင်ရဖွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က သတိပေးခဲ့သည်။ "ထရမ့်ပ်၏အခွန်စည်းကြပ်မှုသည် အခြားနိုင်ငံများထက်...
HomeEntertainmentသွေး (စစ်ကိုင်း)၏ ...

သွေး (စစ်ကိုင်း)၏ ‘ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ’ စာအုပ်မိတ်ဆက်

ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုး ရေးသားတဲ့ ဟံသာ ဝတီ ဦးဝင်းတင်ရဲ့ ဘဝမှတ်တမ်းစာအုပ်ကို မူရင်းစာရေး သူရဲ့ ခွင့်ပြုချက်အရ သွေး(စစ်ကိုင်း)က ပြင်သစ်ဘာသာမှ တိုက် ရိုက်မြန်မာပြန်ဆိုထားတဲ့ ‘ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ’ စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီက Yangon Book Plaza မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါစာအုပ်ဟာ နိုင်ငံရေးသမား သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ရဲ့ အကျဉ်းထောင်တွင်း ဖြတ်သန်းမှုကနေ ပြန်လည်လွတ် မြောက်လာပြီးနိုင်ငံရေးလောက ဖြတ်သန်းမှုအထိ ထင် ဟပ်စေတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ဘာသာပြန်ဆိုရေး သားသူ သွေး(စစ်ကိုင်း)က အဆိုပါစာအုပ်နဲ့ ပတ်သက်ပြီး
“ကျွန်မက ဘဘဦးဝင်းတင်နဲ့ အပြင်မှာ တစ်ကြိမ် တစ်ခါပဲ စကားပြောဖူးပေမယ့် သူ့ရဲ့လေးနက်ခိုင်မာတဲ့ ဒီမိုကရေစီအပေါ် ယုံကြည်မှု၊ အာဏာရှင်စနစ်ကို အလံ မလှဲဘဲ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ခဲ့မှု၊ အမှန် တရားဘက်က ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ နိုင်ငံရေး သမား၊ သတင်းစာဆရာတစ်ယောက်အနေနဲ့ လေးစားမှု တွေဟာ ဒီစာအုပ်ကို ကျွန်မဘာသာပြန်ဖြစ်ဖို့အတွက် တွန်းအားတွေ ဖြစ်ခဲ့ပါတယ်။

 

တစ်ဖက်ကလည်း စိုးရိမ် ပူပန်ခဲ့တာတွေ ရှိတယ်။ ဘာလဲဆိုတော့ ဒီလောက်တောင် မှ ကြီးမြတ်လှတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို ဘာသာပြန်ဆို တဲ့အခါ ကျွန်မ အမီလိုက်နိုင်ပါ့မလားလို့ အမြဲတမ်း စိုးရိမ် ပူပန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ စိတ်ကိုရှင်းရှင်းထားပြီး အတတ်နိုင်ဆုံး ကြိုးစားပြီးဘာသာပြန်ဆိုခဲ့ပါတယ်။ ဒီစာအုပ်ကို စတင်ပြီးဘာသာပြန် ဆိုတာကနေ ပြီးဆုံးတဲ့ အထိ အနည်းဆုံး လေးလအချိန်ယူခဲ့ပါတယ်” လို့ ပြောပါ တယ်။


စာအုပ်မိတ်ဆက်ပွဲမှာ စာရေးဆရာ မျိုးမြင့်ညိမ်း၊ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်း ရေးမှူး မုံရွာအောင်ရှင်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ဝင် ဦးထွန်းကြည်တို့က အဆိုပါစာအုပ်နဲ့ ပတ်သက်ပြီး မုဒိတာစကားများ ပြောကြားပေးခဲ့ကြပါတယ်။

“ဒီစာအုပ်ဟာ ဒီမို ကရေစီရေး၊ လွတ်လပ်ရေး၊ လူ့ အခွင့်အရေးတွေအတွက် ရုန်းကန်ရင်း စွန့်လွှတ်အနစ် နာခံခဲ့တဲ့ အတိတ်၊ ပစ္စုပ္ပန်ကာလက သူရဲကောင်း လူကြီး လူငယ်အားလုံးကို ရည်ညွှန်းပါတယ်” လို့လည်း ဦးဝင်းတင် က အမှာစာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ အဆိုပါ စာအုပ်ကို ငါတို့စာပေက ထုတ်ဝေဖြန့်ချိတာဖြစ်ပြီး ဇူလိုင် လ ၁၆ ရက်နေ့မှာ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ တစ်ပြည်လုံး ဖြန့်ချိခဲ့ပါတယ်။

စုမွန်

Ads Space Available


Continue reading

ငလျင်ဒဏ်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ(၂) သန်းကျော်အပါအဝင် အလှူငွေများစွာကိုလက်ခံရရှိထား

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် အလှူငွေများစွာကိုလက်ခံရရှိထားသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၅ ရက်မွန်းလွဲပိုင်းကကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ပြည်တွင်း/ပြည်ပ စေတနာရှင်အလှူရှင်တွေက နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို အလှူငွေတွေပေးအပ်လှူဒါန်းရာမှာ ဧပြီ ၂၄ ရက်အထိ ငွေကျပ် (၁၁၅,၈၇၆)ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ(၂ ဒသမ ၄၃၇)သန်းကျော်၊ ကိုရီးယားဝမ်(၅)သန်း၊ အိန္ဒိယရူပီး(၁၅)သန်း၊ ထိုင်းဘတ်(၂)သန်းနဲ့ စင်ကပူဒေါ်လာ(၃,၁၅၀)လက်ခံရရှိထားပါတယ်"ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။ အဆိုပါ လက်ခံရရှိထားသည့် အလှူငွေများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ ငွေစာရင်းတွင်ထည့်သွင်းထားကာ...

ဘုရင်နှစ်ပါး အဆုံ

ဘူတန်ဘုရင်နှင့် မိဖုရားတို့သည် ထိုင်းဘုရင်နှင့် မိဖုရားအား ဧပြီလ ၂၅ ရက်နေ့၌ Thimphu ရှိ Tashichho Dzong တွင် ကြိုဆိုပွဲအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ ထိုနေ့ညတွင် Dechencholing နန်းတော်၌ နိုင်ငံတော်ဧည့်ခံပွဲကို ကျင်းပခဲ့ပါသည်။ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းနှင့် မိဖုရားစုသီတာတို့သည် ဘူတန်ဘုရင် ဂျစ်​မေခေဇာနာမ်ဂယ်လ် ဝမ်ချု့ခ်၏ ဖိတ်ကြားချက်အရ ဘူတန်နိုင်ငံသို့ ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံတော် အလည်အပတ်ခရီး ရောက်ရှိနေခြင်းဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်ဗီယက်နမ်သမ္မတ လာအိုသွား

ဗီယင်ကျန်း၊ဧပြီ ၂၅ ဗီယက်နမ်သမ္မတသည် လာအိုသမ္မတ၏ဖိတ်ကြားချက်အရ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း‌ဆောင်ရွက်‌ရေးကို ပိုမိုခိုင်မြဲစေရန်အတွက် ဧပြီလ၂၄ ရက်‌နေ့မှ ၂၅ ရက်‌နေ့အထိ လာအိုသို့သွားခဲ့သည်ဟု သိရသည်။ အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံသမ္မတများတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြင်ချင်းဖလှယ်ကာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြသည်ဟု သိရသည်။ ယင်းနောက် ၎င်းတို့သည် နိုင်ငံရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးစသည့် အဓိကကဏ္ဍများ၌ နှစ်ဖက်ပူးပေါင်းမှု၏ တိုးတက်မှုများကို မီးမောင်းထိုးပြခဲ့ကြပြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အရေးကြီးမှုကို အဓိက ဆွေးနွေးခဲ့ကြသည်။ ဒေသတွင်းစီးပွားရေး ချိတ်ဆက်မှု ခိုင်မာအားကောင်းလာစေ‌ရေးကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071