ဒေါ်ဆွေဇင်ထိုက်ရဲ့ ရုပ်ရှင်လောကအတွက် အကြံပြုစကား

0
325

အခုအချိန်မှာတော့ မြန်မာ့ ရုပ်ရှင်လောကက အပြောင်းအလဲ ကာလတစ်ခုကိုရောက်ရှိလို့ လာခဲ့ပြီ လည်းဖြစ်ပါတယ်။ ဒီအပြောင်းအလဲ မှာ လူငယ်တွေအနေနဲ့လည်း ဆက် လက်ပြီး ကြိုးစားသွားရမှာဖြစ်ကာ ပညာရပ်တွေအပေါ်မှာ ရင်းနှီးမြှုပ် နှံရမှာဖြစ်တယ်လို့ ဒေါ်ဆွေဇင်ထိုက် က ပြောပါတယ်။

”ခဏတစ်ဖြုတ်ပိုက်ဆံပေးရိုက် ကူးပြီးတော့ ထွက်လာတဲ့လူတွေက လည်း အကြာကြီးမသွားနိုင်ပါဘူး။ အနုပညာသက်လုံကောင်းအောင် ကြိုးစားခဲ့ရမှာဖြစ်ပါမယ်။ ရိုက်ကူး ရေးမှာလည်း ပရိုဂျုဆာဟာလည်း ပညာရှင်ဖြစ်ရတယ်။ ပိုက်ဆံရှိရုံနဲ့ တော့ ပရိုဂျုဆာလုပ်တဲ့ Industry ဟာ အကြာကြီး မသွားတော့ဘူးဆို တာ မြင်နေရပါတယ်” လို့ ဒေါ်ဆွေ ဇင်ထိုက်က ဆက်လက်ပြောပြပါ တယ်။ ပရိသတ်တွေအနေနဲ့လည်း ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ် ကြည့်ရှု တတ်နေပြီဖြစ်တဲ့အတွက် ထုတ်လုပ် သူတွေအနေနဲ့ ဇာတ်ကား ကောင်းတွေဖြစ်ဖို့ အထူး ဂရုတစိုက်နဲ့ ရိုက်ကူးထုတ်လုပ်နေရပါပြီ။ ဒီ အပေါ်မှာ ဘယ်လိုရှုမြင်သုံးသပ်မိလဲ ဆိုတာ ဒေါ်ဆွေဇင်ထိုက်ကိုမေးမြန်း တဲ့ အခါမှာ…

”ရုပ်ရှင်ထုတ်လုပ်သူတွေ Film Maker တွေမှာ တာဝန်ရှိပါတယ်။ သူဟာသူ့ရဲ့ Audience တွေကို လည်းRespect လုပ်ရမယ်။ Respect ဆိုတဲ့စကားလုံးတစ်လုံးဟာ ဒီ Industry ကြီးတစ်ခုလုံးရဲ့ အခရာ လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါရိုက်တာပဲဖြစ်စေ၊ ဇာတ် ညွန်းရေးဆရာပဲဖြစ်စေ၊ သရုပ် ဆောင်ပဲဖြစ်စေ လာပြီးတော့ကြည့် တဲ့ Audience ကိုRespect ပေးရမယ်။ ငါတို့ လုပ်ချင်ရာလုပ်၊ သူကြည့်သွားမှာပဲဆိုရင် တဖြည်း ဖြည်းနဲ့Audience ဘက်ကလည်း လျော့သွားမှာပဲ။ ပြီးတော့ Audience ကလည်း ဒီပလက်ဖောင်း ကလည်း ဟိုဘက်ပလက်ဖောင်းကို ရွေးခွင့်ရှိတာပဲ။ အရင်တုန်းက အန်တာတိန်းဆိုလို့ ရုပ်ရှင်တစ်ခု တည်းရှိတာကိုး။ Newsတောင်မှ ခိုးနားထောင်ရတဲ့ အနေအထားတွေ ဆိုတော့လေ။ အခုကျတော့ News လည်းလိုချင်တဲ့အချိန်၊ လိုချင်တဲ့နေ ရာမှာရတယ်လေ။ အင်တာတိန်းမန့်က လည်းဒီအတိုင်းပဲ။ ပလက်ဖောင်းက Multi ပလက်ဖောင်း ဖြစ်နေတဲ့အခါ ကျတော့ ရုပ်ရှင်သမားတွေက ကောင်းတဲ့ Content တွေကိုထုတ်မှ ဖြစ်မယ်ဆိုတာကို ပြနေပါပြီ” လို့ ပြောပါတယ်။ ကိုယ် ရိုက်ကူးတာဟာ ကိုယ်ဘယ်သူလဲဆိုတာကိုပြနေတာ ပဲဖြစ်ပြီး ကိုယ်က အရည်အသွေးနိမ့် ကျတဲ့ ဇာတ်ကားတွေကို မပြဖြစ်မှ သာ၊ မရိုက်ကူးဖြစ်မှသာလျှင် ကိုယ့်ရဲ့ရာဇဝင် သမိုင်းကြောင်းက ကောင်းမယ်လို့ သူ့အနေနဲ့ထင်မြင် ကြောင်း၊ သမိုင်း ကောင်းတဲ့လူတွေ ဖြစ်ဖို့လိုကြောင်း ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

”ကျွန်မတို့ ကျယ်ကျယ်တွေး ရမှာဖြစ်ပါတယ်။ ကိုယ့်အစုအဖွဲ့က လေးနဲ့ ကိုယ့်ဒေသလေးတစ်ခုတည်းကိုပဲ ပိတ်ပြီးတော့မကြည့်ပါနဲ့။ နိုင်ငံ ကိုပါကြည့်ပါဆိုတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောစကားကို လည်း ကျွန်မတို့ ရုပ်ရှင်လောကမှာ လည်း သိစေချင်တယ်။ ရုပ်ရှင်ဆို တဲ့ ပလက်ဖောင်းလေးတစ်ခုတည်းကို လည်းမကြည့်ပါနဲ့။ ကိုယ်တွေ အုပ်စုပဲဆိုတာလည်းမကြည့်ပါနဲ့။ Creative Industry လို့ ခေါ်တဲ့ မြန်မာပြည်ကြီးကို ကိုယ်စားပြုတဲ့ အနုပညာ ဖန်တီးထုတ်လုပ်မှု Industry ကြီးတစ်ခုအနေနဲ့ ကြည့် ပါလို့ ကျွန်မတိုက်တွန်းချင်တယ်” လို့ ရုပ်ရှင်လောကအတွက် အကြံပြုစ ကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here