ဇာတိမြေရုပ်ရှင်ဇာတ်ကားအွန်လိုင်းမှာ ပျံ့နှံ့ခဲ့မှုက အကျည်းတန်တဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်ပြော

0
204

 

ဇာတိမြေရုပ်ရှင်ဇာတ်ကား အွန်လိုင်းမှာ ပျံ့နှံ့ခဲ့မှုက အကျည်း တန်တဲ့လုပ်ရပ်တစ်ခုပဲဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်ကပြော ကြားလိုက်ပါတယ်။ ဒါရိုက်တာတစ် ယောက်အနေနဲ့လည်း သူဟာ အတော် လေးကို စိတ်ထိခိုက်ခံစားခဲ့ရပါ တယ်။ သူဟာ ဒီလိုအွန်လိုင်းမှာ ပျံ့နှံ့ ခဲ့မှုနဲ့ပတ်သက်လို့ ဇာတ်ကားထုတ် လုပ်သူအတွက်လည်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

”သူ့မှာ မျှော်လင့်ချက်ကြီးနဲ့ ရိုက်ကူးခဲ့ရတယ်။ ငွေတွေ အများကြီး ကုန်ကျခဲ့ရတယ်။ ငွေပြန်ရတော့မယ့် အချိန်ကျတော့မှ သူ့ရဲ့ဇာတ်ကား အတွက် သူထိုက်သင့်သလောက်ရပါ့ မလားဆိုတဲ့ ဝမ်းနည်းမှုတစ်ခုဖြစ်ပေါ် တယ်။ နောက်တစ်ခုက ဒီဇာတ်ကား က မြန်မာနိုင်ငံရဲ့ဂုဏ် မြန်မာနိုင်ငံ သားတွေရဲ့ Image ကိုမြှင့်ဖို့အတွက် ရိုက်ကူးတာပါ။ ဘယ်နိုင်ငံမှာ ဒီ ဇာတ်ကားပြပြ မြန်မာလူမျိုးတွေက ဒီလိုစိတ်ဓာတ်ရှိပါလား၊ ဒီလိုခံယူ ချက်ရှိပါလားဆိုတဲ့ သိက္ခာတစ်ခု အတွက်ကို အစ်မတို့ ရိုက်ကူးတာပါ။ ပြီးတော့ ဒီဇာတ်ကားကိုကြည့်လိုက် တဲ့ မြန်မာလူမျိုးတွေအနေနဲ့လည်း ဂျပန်လူမျိုးတွေကိုချစ်တဲ့ စိတ်တွေ မြန်မာလူမျိုးတွေအတွက် ကူညီချင် တဲ့စိတ်တွေ ဂျပန်နိုင်ငံမှာရောက်နေ တဲ့ မြန်မာနိုင်ငံသားတွေကို အခု ရှိတဲ့အခြေအနေထက် ပိုမိုနားလည် ပေးလာနိုင်ဖို့ဆိုတဲ့ စိတ်တွေနဲ့ အစ်မ တို့ ရိုက်ကူးတာပါ။ ဒါပေမဲ့ ဒီဇာတ် ကားက အွန်လိုင်းမှာ ပေါက်သွား တယ်။ အဲဒီအခါမှာ အစ်မတို့ ပေး ချင်တဲ့ Message က ပြောင်းပြန်ဖြစ် သွားတယ်။ ဂျပန်တွေအမြင်မှာ မြန် မာတွေဟာ စည်းကမ်းမရှိဘူး၊ Ethic မရှိဘူးဆိုတာကြီးကို သူတို့မြင်သွား ပြီ။ အစ်မတို့ပေးချင်တဲ့ Messageရဲ့ဆန့်ကျင်ဘက် Messageကြီး ဖြစ်လာမှာကို တအားစိုးရိမ်တယ်။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ် ရတယ်”လို့ ဒါရိုက်တာ ကြည်ဖြူသျှင် က သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

အွန်လိုင်းပေါ်ကို ဖြန့်လိုက်တဲ့လုပ်ရပ် က နိုင်ငံအတွက်ရော လူမျိုးအတွက် ရော တအားကို အကျည်းတန်ပြီး လူ တစ်စုရဲ့လုပ်ရပ်ကြောင့် လူအများ ကြီးထိခိုက်ပြီး ဒီထိခိုက်မှုဟာ တအား ကို အကျည်းတန်စေကြောင်း ဂျပန် မှာရောက်ရှိနေတဲ့ မြန်မာလူမျိုးတစ် ဦးဆီကနေ ပေါက်သွားတာဖြစ်တဲ့ အတွက် အဲဒါကိုပိုပြီးခံစားရကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here