ဝါဆိုလပြည့်နေ့အလှူအဖြစ် လူခြောက်ထောင်ကျော်အတွက် စတုဒိသာကျွေးမွေးခဲ့တဲ့ ခင်လှိုင်

0
205

ဟာသသရုပ်ဆောင် ခင်လှိုင်တို့ မိသားစုရဲ့ ဝါဆိုလပြည့်နေ့အလှူ အဖြစ် သံဃာတော်များအား ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စတုဒိသာအလှူအဖြစ် လူအယောက် ၆ဝဝဝ ကျော်ကို ဘဲဥဟင်းနဲ့ ငါး ခြောက်ကြော်များကျွေးမွေးပြီး အလှူ ဒါနပြုခဲ့ပါတယ်။ အလှူအတန်းတွေ အမြဲတမ်းလိုလို လုပ်ကိုင်ဖြစ်နေတဲ့ အပေါ်မှာလည်း ခင်လှိုင်က…

”ကျွန် တော်တို့ မိသားစုတွေအများကြီးပြု လုပ်ဖြစ်နေတယ်။ ဝါဆိုလပြည့်တိုင်း တော့ လှူနေတာပါပဲ။ ဝါဆိုလပြည့် နေ့မှာ မအားပေမယ့်လည်း ဝါဆိုလ အတွင်းမှာ သင်္ကန်း ကပ်တဲ့အလှူကို အမြဲတမ်းပြုလုပ်ဖြစ်တယ်။ အလှူလှူ ရင်လည်း အဲဒီလိုမျိုး အိမ်ထဲမှာ ပဲလုပ်ပြီး ဖိတ်စာတွေကိုယ်သိတဲ့ အိမ်တွေပဲလိုက်ဖိတ်ပြီး အဲဒီလို အ လှူမျိုးတွေ မလုပ်ချင်ဘူး။ အပြင်မှာ ဆင်းရဲချမ်းသာအကုန်လုံးကို စတုဒိ သာအနေနဲ့ ကျွေးတာပဲကြိုက်တယ်။ စတုဒိသာကျွေးတယ်ဆိုတာ ဟန်ပန် သိပ်မရှိဘူး။ တကယ်လိုအပ်နေတဲ့ သူတွေကို ကျွေးရတာဖြစ်တဲ့အတွက် ပျော်စရာကောင်းတယ်။ တချို့တွေ လည်း တကယ်စားဖို့လိုအပ်တဲ့လူ တွေရှိလို့စားတဲ့သူတွေရှိသလို တချို့ တွေလည်း ပျော်ပြီးတော့ကိုယ်တွေ ကို ကြည့်ချင်လို့လာကြတဲ့သူတွေ လည်းရှိတယ်။ မျိုးစုံပေါ့။ ပရိသတ် တွေကတော့ တချို့ကျတော့လည်း ပိုက်ဆံရှိတယ်။ ဒါပေမဲ့ လာစား ကြတာပဲ။ အဲဒီလိုမျိုးလေးတွေရှိ တယ်”လို့ပြောပါတယ်။ လူ ၆ဝဝဝ စာလောက်ချက်ပြုတ်ပြင်ဆင်ထားတဲ့ စတုဒိသာကို ပရိသတ်တွေလာစား ကြဖို့လည်း ခင်လှိုင်ကဖိတ်ခေါ် လိုက်ပါသေးတယ်။

”ကျွန်တော်တို့ကတော့ အလှူ ဆိုရင်ဒီလို အလှူပွဲကြီးမှမဟုတ်ပါ ဘူး။ တွေ့တဲ့အချိန်မှာ တွေ့သလိုလှူ လိုက်တာပဲ။ အမြဲတမ်းတော့အလှူ ကြီးလုပ်မှ အလှူဖြစ်မြောက် တာတို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လင်မ ယားနှစ်ယောက် ကတော့တွေ့တဲ့ အချိန်၊ တွေ့တဲ့နေရာမှာ လှူတာပါ။ တစ်ခါတလေ ခရီးသွားနေရင်းထမင်း ဆိုင်မှာ ဘုန်းကြီးတွေတွေ့လို့ ဘုန်းကြီး ဆွမ်း ကပ်တာမျိုးတွေလည်း လုပ်တယ်။ တစ်ခါတလေကျရင် အလှူကဒီနေ့လုပ်ဖို့ ချိန်းထားပေ မယ့်ကိုယ့်မှာ ပိုက်ဆံမရှိရင်ပစ္စည်း တွေသွားရောင်းပြီး လှူတာ၊ အဲဒီ လောက်အထိကို လှူဖြစ်တယ်။ ဒီနေ့ အလှူမှာ လူ ၆ဝဝဝ လောက် စားလို့ရအောင် ဘဲဥနဲ့ ငါးခြောက် ကြော်တွေ ချက်ပြုတ်ထားပါတယ်။ လာစားကြပါဦး”လို့ ခင်လှိုင်က အလှူအတန်းတွေ ပြုလုပ်ဖြစ်တဲ့ အ ကြောင်းနဲ့ပတ်သက်ပြီးပြောပါ တယ်။

ဓာတ်ပုံ-ဇော်ဝင်းအောင်

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here