GYM TRAINER တစ်ယောက်အဖြစ်လုပ်ကိုင်နေတဲ့ ကြည်ဖြူအောင်

0
337

သရုပ်ဆောင် ခင်စိုးပိုင်လို့ ဆိုလိုက်တာနဲ့ စွယ်စုံရ အနုပညာ ရှင်တစ်ယောက်အနေနဲ့ ပရိသတ် တွေအားလုံး သိရှိထားပြီးသားပါ။ သရုပ်ဆောင်ခင်စိုးပိုင်ရဲ့ အနုပညာ အမွေကို ဆက်ခံသွားမယ့် သား ဖြစ်သူ ကြည်ဖြူအောင်ဟာဆိုရင် လည်း အနုပညာနဲ့ပတ်သက်ရင် ခေသူတစ်ယောက် မဟုတ်ပါဘူး။ Mister International Myanmar 2016 ဆုရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Personal Trainer, Mister Trainer တစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ် တာမို့ Mister တစ်ယောက်ဖြစ်ချင် လို့ ကြိုးစားနေကြတဲ့ လူငယ်တွေကို အခုလို အကြံပြုစကား ပြောပြပေး ခဲ့ပါတယ်။

”အခုတက်လှမ်းလာမယ့် မျိုးဆက်သစ်လူငယ်လေးတွေကို ကျွန်တော်ပြောချင်တာက ကိုယ်က ဘယ်လမ်းကြောင်းကို သွားမှာလဲ။ Mister လား။ ဟုတ်ပြီ။ အဲဒါဆိုရင် Mister တစ်ယောက်မှာ ရှိသင့်ရှိ အပ်တဲ့ အရည်အချင်းတွေ ရှိအောင် လုပ်ထားပါ။ သိသင့်တဲ့အရာတွေ သိအောင်လုပ်ထားပါ။ Mental ပိုင်း ရော Physical ပိုင်းရော၊ ခန္ဓာကိုယ် အချိုးအစားလည်း လှအောင်နေ။ ပြီးတော့ ကိုယ့်ဘက်က ရှိနေရမယ့် အသိဥာဏ် ဗဟုသုတတွေ ကြွယ်ဝ နေအောင် လည်း ဖြည့်ဆည်းထား ရမယ်။ Mister တစ်ယောက်ဆိုတာ သာမန် မော်ဒယ်လ်တစ်ယောက်နဲ့ လည်းတူတာမဟုတ်ဘူး။ ဘာလို့လဲဆို တော့ Mister တစ်ယောက်ဆိုတာ နိုင်ငံ တစ်နိုင်ငံကို ကိုယ်စားပြုတာဖြစ် တဲ့အတွက် ကိုယ်၊ နှုတ်၊ နှလုံးအကုန် စောင့်ထိန်းရတယ်။ Body ပိုင်း တွေရော၊ အသိဥာဏ်ပိုင်းတွေရော Train ရမယ်။ ဘာသာစကားဆို ရင်လည်း အနည်းဆုံးနှစ်မျိုးထက် မနည်းတတ်ထားသင့်တယ်။ အစစ အရာရာပြည့်စုံနေမှ Mister ကောင်း တစ်ယောက်ဖြစ်မယ်။ Social Mediaနဲ့လည်း keep touch လုပ်နိုင်ရမယ်။ ကြိုးစားကြပါလို့ ကျွန်တော်ကတော့ တိုက်တွန်းချင် ပါတယ်”လို့ ပြောပါတယ်။

အနုပညာလောကထဲ ရောက်ရှိ လာတဲ့အခါ အခက်အခဲတွေနဲ့ ရင် ဆိုင်တွေ့ကြုံရပြီး မိခင်ရဲ့ အားပေးမှု တွေ၊ ကူညီပေးမှုတွေ ရရှိခဲ့ပုံကို ကြည်ဖြူအောင်က အခုလို ပြောခဲ့ပါ တယ်။

”အနုပညာလောကထဲ ဝင်ရောက် လာတယ်ဆိုကတည်းက အခက်အခဲ တွေကတော့ အများကြီးပဲ။ အနုပညာ ကတော့စိတ်ဓာတ်ပဲပေါ့။ စိတ်ဓာတ်နဲ့ ပဲ ဖြတ်ကျော်ရတယ်။ လုပ်ချင်တဲ့ စိတ်၊ ဖြစ်ချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့ စိတ်၊ စိတ်ရှိရင် အဆင်ပြေသွားမှာ ပါ။ အမေကတော့ အနုပညာပိုင်းနဲ့ ပတ်သက်ပြီး ၁ဝဝ ရာခိုင်နှုန်း ထောက်ပံ့ပေးတယ်။ သရုပ်ဆောင် ပိုင်းနဲ့ ပတ်သက်လို့ကတော့ လှည့် ကြည့်စရာမလိုလောက်အောင် သူ့ ဘက်က အပြည့်အဝ ကူညီပေး တယ်။ အမေက သင်ပြပေးတာ မဟုတ်ဘူး။ ကျွန်တော့်ကိုဝေဖန်တာ။ မှားနေတယ်ဆိုရင် အမှန်ထောက် ပြပြီးပြင်ပေးတယ်။ သင်ပေးမှရတဲ့ ဟာထက် ကိုယ်ပိုင်အရည် အချင်းနဲ့ ရတဲ့ဟာမျိုးကိုပဲ ပိုပြီးတော့ အား ပေးတယ်”လို့ ပြောပြခဲ့ပါတယ်။

ကြည်ဖြူအောင်ဟာဆိုရင် GYM Trainer တစ်ယောက်အဖြစ် လုပ်ကိုင်နေရင်း ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး သီချင်းခွေ ထွက်ဖို့အစီအစဉ်ရှိတယ်လို့ သိရပါ တယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here