လူတစ်ယောက် အတွက် စိတ်လှဖို့ အရေးကြီးသလို စတိုင်ကလည်းအရေးကြီးပါတယ်မေဘရဏီသော်

0
153

အလှမယ်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးအဖြစ်ရုပ်သံဇာတ်လမ်းတွဲများမှာပါ ပါဝင်သရုပ် ဆောင်နေပြီဖြစ်တဲ့ မေဘရဏီသော်ကတော့ လက်ရှိ MRTV မှာ ထုတ်လွှင့် ပြသလျက်ရှိတဲ့ ‘ဇနီးချောများကွန်ယက်’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်သံ ဇာတ်လမ်းတွဲမှာ သူ့ရဲ့ ပါဝင် သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး …

”ဇနီးချောများကွန်ယက် ရုပ်သံဇာတ်လမ်းတွဲမှာ မေသော်က ကိုဖိုးသောကြာနဲ့တွဲပြီးတော့ အရာမောင်နေရာကပါဝင်သရုပ်ဆောင် ထားပါတယ်။ ကာရိုက်တာကတော့ ကလေးဆန် ပြီးတော့ ယောက်ျားအပေါ်မှာ နွဲ့ဆိုးဆိုးတတ်တဲ့ အိမ် ထောင်ရှင်မ တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်ညွှန်းကိုလည်း အခေါက်ခေါက်အခါခါ ဖတ်ကြည့် တယ်။ ‘ပန်းနှစ်ပွင့်စီးချင်း’မှာတုန်းကမေသော် သရုပ်ဆောင်တဲ့ ကာရိုက် တာက ခပ် မာမာနဲ့ခက်ထန်တဲ့ ပုံစံ လေးပေါ့။ အခု ‘ဇနီးချောများ ကွန် ယက်’မှာ အမရာ မောင်ကတော့ နွဲ့ ဆိုးဆိုးတတ်တဲ့ဘက်ကို သွားတော့ အဲဒီကာရိုက်တာနှစ်ခုက အလွန်ပဲ Different ဖြစ်တယ်။ လုပ်ကိုင်ရတာလည်း ခက်ခဲခဲ့တယ်။ အမရာ မောင်ကာရိုက်တာက မေသော့်ပုံစံနဲ့ လုံးဝပြောင်းပြန်ဖြစ်နေတော့ ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ သရုပ် ဆောင်ပိုင်းနဲ့ပတ်သက်ပြီး လိုအပ် ချက်တွေ ကတော့ အများကြီးရှိပါသေးတယ်။ အမရာမောင်ကာရိုက်ကာ ကိုပရိသတ်က သဘောကျတယ်ကြားရတော့လည်း တအားဝမ်းသာပါတယ်။ နောက်ထပ် သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာကတော့ ‘ပန်းနှစ်ပွင့်စီးချင်း’ထဲက မေခတ္တာ ဇာတ်ရုပ်ထက် ပိုပြီး အမာဘက်ကို သွားတဲ့ ကာရိုက်တာမျိုးပါ။ သရုပ်ဆောင်ပိုင်းလည်း အခွင့် အရေးရရင် ရသလောက် ကြိုးစားသွားမှာပါ” လို့ မေဘရဏီသော်က ပြောပါတယ်။

သူ့ရဲ့ဖက်ရှင်ပိုင်းနဲ့ ပတ်သက် ပြီးလည်း…”ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင် ကိုယ့်ရဲ့စီနီယာ အနုပညာရှင်တွေရဲ့ ဖက်ရှင်ပိုင်းတွေကိုလည်း လေ့လာ ဖြစ်တယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်တည်ဆောက် ပုံနဲ့လိုက်ဖက်တဲ့ဖက်ရှင်မျိုးကိုလည်း စဉ်းစားရတာပေါ့။ ပြီးတော့ ကိုယ့်ရဲ့ စီနီယာအစ်မတွေဆီ ကလည်း အကြံဥာဏ်လေးတွေ တောင်းရတာလည်းရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်တအား Sexy ကျတဲ့ဖက်ရှင်မျိုးနဲ့လိုက်ဖက်တယ်လို့ မထင်ဘူး။ စကတ်အရမ်းတိုတာတို့ ဘာတို့ဆိုရင်ကိုယ် ကိုယ်တိုင် လည်းမနေတတ်ဘူး။ ခပ်မိုက်မိုက် စမတ်ကျတဲ့ပုံစံမျိုးနဲ့ပဲ လိုက်တယ်လို့ ထင်ပါတယ်။ ဖက်ရှင် က လူတစ်ယောက်အတွက် အများကြီး အရေးပါတယ်လို့ ထင်ပါတယ်။ လူတွေကတော့ စိတ်လှဖို့က အဓိကလို့ ပြောကြတယ်။ ဒါပေမဲ့ မေသော်ထင်တာက စိတ်ရောအပြင်ပိုင်း ဖက် ရှင်ကပါ လှဖို့ အရေးပါတယ် လို့ ထင်ပါတယ်။ လူတစ်ယောက်ရဲ့ ဝတ်ပုံစားပုံကိုကြည့်ပြီး တန်ဖိုးဖြတ် ကြတယ် ဆိုတော့ လူတစ်ယောက်က တအား မလှနေရင်တောင် ဝတ်တတ် စားတတ်ရင် အဆင်ပြေတယ်ပေါ့။ စိတ်လှတာကလည်း ၁ဝဝ% အရေး ပါသလို စတိုင်ကလည်း ၁ဝဝ% အရေးပါတယ်လို့ ထင်ပါ တယ်” လို့ သရုပ်ဆောင် မေဘရဏီသော်က ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here