အမေရိကန် ဇာတ်ကားမှာ ပါဝင်မယ့် Kang Dong Won

0
99

မင်းသားKang Dong Won ဟာ အမေရိကန်ဇာတ်ကား “Tsunami LA” မှာ ပါဝင်ရိုက်ကူးတော့မှာပါ။ ဒါဟာ မင်းသား ရဲ့ ဟောလိဝုဒ်နဲ့ ပထမဆုံးလက်တွဲမယ့် ဇာတ်ကားပါ။ ဇူလိုင် ၂၄ ရက်နေ့ မှာပြုလုပ်ခဲ့တဲ့ ‘Illang: The Wolf Brigade’ သတင်းစာရှင်းလင်းပွဲမှာ “Tsunami LA” ဇာတ်ကားနဲ့ ပတ် သက်ပြီး အခုလိုပြောခဲ့ ပါတယ်။

”ဇာတ်ကားကို စက်တင်ဘာ လမှာ စတင်ရိုက်ကူးတော့မှာပါ။ ပထမအစီအစဉ် အရ ဇာတ်ကားကို ဇူလိုင်လမှာ ရိုက်ကူးဖို့ စီစဉ်ထားပေမယ့် အခုတော့ စက်တင် ဘာလကို ရွှေ့ပြောင်း ထားပါတယ်။ ဟောလိဝုဒ်နဲ့ လက်တွဲ လုပ် ကိုင်ဖို့ ပြင်ဆင်ရ တာ က မလွယ်ကူပါ ဘူး။ အင်္ဂလိုပြော ပြီးသရုပ်ဆောင်ရမှာမို့လည်းတအားကို စိတ်လှုပ်ရှားနေပါ တယ်။ ကျွန်တော်ကတော့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ အမေရိက ကိုရောက်တာနဲ့ ကျွန် တော် သရုပ်ဆောင် သင်တန်းတွေ တက်ဖို့လိုအပ်သလို အင်္ဂလိပ်စကားကို သင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တတ်နိုင်သလောက်ကြိုးစား သွားမှာပါ။ ဒါမှ ကျွန်တော် အသက် ကြီးလာရင် နောင်တမရအောင်ပါ။ အမေရိက မှာသရုပ်ဆောင်အသစ် အနေနဲ့ စတင်ရမှာက ပျော်စရာ ကောင်း မယ်လို့ထင် ရသလို တအား လည်း ပင်ပန်းမှာပါ” လို့ မင်းသား Kang Dong Won က ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here