ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ နယ်ပရိသတ်ရဲ့ အားပေးမှု ပိုရနေတဲ့ ဆောင်းဝတ်ရည်မေ

0
658

‘ဝိညာဉ်ရှိုက်သံ’၊ ‘ဝင်္ကပါစံအိမ်’၊ ‘မာန်’၊ ‘အမုန်းမှသည်’ ရုပ်သံဇာတ်လမ်း တွဲတွေနဲ့ ပရိသတ် အခိုင်အမာရရှိလာတဲ့ မင်းသမီးချောလေးဆောင်း ဝတ်ရည်မေကတော့ လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲတွေထပ်မံ ရိုက်ကူးဖြစ်နေပြီး Cosmetic ကြော်ငြာလေးတွေ ရိုက်ကူးဖို့ရှိနေပါတယ်။ ဆောင်းဝတ်ရည်မေပါဝင်သရုပ်ဆောင်ထားတဲ့ ဝင်္ကပါစံအိမ်ရုပ်သံဇာတ် လမ်းတွဲ ပြန်လည်ထုတ်လွှင့်ပြ သနေတဲ့အပေါ်ကိုလည်း

”အဲဒီဇာတ်လမ်းတွဲက စစချင်းပြသတဲ့အချိန်မှာလည်းပရိသတ် အားပေးမှုအများကြီးရခဲ့တယ်။ ပြန်ပြတဲ့အချိန်မှာလည်း ပရိသတ်တွေ ကြိုက်ကြတယ်ဆိုတဲ့အတွက် တအားဝမ်းသာပါတယ်” လို့ဆောင်းဝတ်ရည်မေကပြောပြခဲ့ပါတယ်။ ဇာတ်လမ်းတွဲတွေနဲ့ ပတ်သက်ပြီး နယ်ပရိသတ်က ကိုယ့်ကိုပိုသတိထားမိလာတယ်။ နယ်ပရိသတ်အားပေးမှု ရရှိလာတဲ့ အပေါ် ကိုလည်း ဆောင်းဝတ်ရည်မေက …

”ဇာတ်လမ်းတွဲ ရိုက်ကူးရတာ နယ် ပရိသတ် တွေအများကြီးပိုရတယ်။ နယ်ပရိသတ် အကုန်လုံးကအပြင်ကနာမည်ထက် ဇာတ် လမ်းတွဲထဲက နာမည်တွေ အကုန်လုံး ကိုမှတ်မိကြတယ်။ ဇာတ်လမ်းတွဲထဲမှာပါတဲ့ အခြားသူတွေကအစသိကြတယ်”လို့ ပြောပြ ခဲ့ပါတယ်။
ပညာရေးနဲ့ အနုပညာ နှစ်ခုစလုံးကို ညှိ ပြီးလုပ်ကိုင်နေတဲ့အပေါ်ကိုလည်းဆောင်း ဝတ်ရည်မေက …

”ကျောင်းကတော့ TU ကနေ ပြန်ပြောင်းပြီးတော့ အဝေး သင် (Physics) တက်နေပါ တယ်။ အဝေးသင်ဆိုတော့ စနေ၊ တနင်္ဂနွေသွားတက်ရ တာတွေရှိတယ်။ အခု ဒီဇာတ်လမ်းတွဲက စနေ၊ တနင်္ဂ နွေရိုက်ကူးရက်တွေပါနေ တော့အချို့ဟာတွေက ငြိနေ တာတွေရှိ တယ်။ သူငယ် ချင်း တွေနဲ့ ညှိပြီး လုပ်နေရတယ်”လို့ ပြောပြ ခဲ့ပါတယ်။ ဆောင်း ဝတ်ရည် မေက ဇာတ်လမ်းတွဲ တွေမှာ ပရိသတ်တွေမမြင် ဖူးသေးတဲ့ကာရိုက်တာ လေးတွေနဲ့ သရုပ်ဆောင် ထားပြီးပရိသတ်တွေ အ နေနဲ့အားပေးကြပါဦးလို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here