Samsung Myanmar &JU Samsung Galaxy J8 စမတ်ဖုန်းသစ် စတင်မိတ်ဆက်

0
155

Samaung Myanmar ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတစ်လုံးဖြစ် တဲ့ Samsung Galaxy J8 ကို ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ Junction City မှာ စတင်မိတ်ဆက် လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ အဆိုတော် G-Fatt ကိုSamsung Galaxy J8 ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခဲ့ပါ တယ်။ စတင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung Galaxy J8 စမတ်ဖုန်း သစ်နဲ့ပတ်သက်ပြီး Samsung Myanmar ရဲ့ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည် ဝင်းထက်က အခုလို ပြောပြခဲ့ပါ တယ်။

”အခုအသစ် မိတ်ဆက်လိုက်တဲ့ Galaxy J8 စမတ်ဖုန်းကို သုံးစွဲ သူတွေအနေနဲ့ အသုံးပြုရ အဆင်ပြေ လွယ်ကူစေဖို့ ထူးထူးခြားခြားဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ ကျွန်တော်တို့ Samsung ရဲ့ ကိုယ်ပိုင်ထူးခြားမှုဖြစ် တဲ့ အဆုံးအစမဲ့မျက်နှာပြင်က လူ ငယ်တွေကြားမှာ အထူးလူကြိုက်များ တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။Samsung Galaxy J8 ကိုလည်း သုံးစွဲသူတွေရဲ့ လူကြိုက်အများဆုံး အချက်တစ်ချက်ဖြစ်တဲ့ ကင်မရာ ပိုင်းကို Dual Camera အဖြစ် အဓိ က ဦးစားပေးပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်”လို့ ကိုဇာနည်ဝင်းထက် က ပြောပါတယ်။

Samsung Galaxy J8 ကို အနက်ရောင်၊ ရွှေရောင်၊ ခရမ်းရောင် အရောင်သုံးမျိုး ထုတ်လုပ်ထားကာ မြန်မာတစ်နိုင်ငံလုံးရှိ Samsung အရောင်းဆိုင်ကြီးများနဲ့ အရောင်း ကိုယ်စားလှယ်ဆိုင်များမှာ ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ပြီး ကျပ် ၃၆၉,ဝဝဝ နဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါ တယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here