အိန္ဒိယမှာ ရုံတင်ပြသနေတဲ့ “When Obama Loved Osama”

0
208

ဇာတ်ကားနာမည်မှာပါတဲ့ အိုဘားမားနဲ့ အိုစမာဆိုတဲ့နာမည်ကို ဖတ်လိုက်မိတာနဲ့ ချက်ချင်းဆိုသလို အမေရိကန်သမ္မတဟောင်းအိုဘားမားနဲ့ နာမည်ကြီး အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်ကို မျက်လုံးထဲ ပြေးမြင်ကြမှာ သေ ချာပါတယ်။ ဆိုခဲ့တဲ့အတိုင်း အဆိုပါဇာတ်ကားဟာ နာမည်နဲ့ ဖမ်းစားထားပါတယ်။ တကယ်တမ်းဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကိုလည်းသိရော ငိုအားထက် ရယ်အား သန်ဆိုသလို ဖြစ်ကြရမှာပါ။ အကြောင်းက ဒီဇာတ်ကားက တကယ့်ကို ဟာသကား တစ်ကားဖြစ်နေလို့ပါပဲ။

ဇာတ်လမ်းကA man Osama လို့ခေါ်တဲ့ မွတ်စလင် လူငယ်တစ်ယောက်နဲ့ Maggi Obama ဆိုတဲ့ ခရစ်ယာန် ကောင်မလေးတို့ရဲ့ ကမောက်ကမ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဘောလိဝုဒ်ဒါရိုက်တာ Sudheesh Kumar Sharma ရဲ့ လက်ရာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ ဇူလိုင် ၂ဝ ရက်နေ့ ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီးYou Tube ပေါ်မှာ နမူနာဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သိရပါတယ်။

Ref: ETIMES


LEAVE A REPLY

Please enter your comment!
Please enter your name here