မိန်းကလေးတွေ အယုံမလွယ်ဖို့ အရေးကြီးပါတယ် ရတနာဗို

0
556

အနုပညာပျိုးခင်းရဲ့ပန်းတစ်ပွင့် ဖြစ်တဲ့ သရုပ်ဆောင် ရတနာဗိုက တော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ လက်ရှိရုံတင်ပြသလျက် ရှိတဲ့ ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’ ရုပ်ရှင်ဇာတ်ကားမှာလည်း အလင်းရောင်၊ ကျော်ထက်အောင်၊ ဖွေး ဖွေးစတဲ့သရုပ်ဆောင်များနဲ့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ခက်ခက်ခဲခဲနဲ့ သရုပ် ဆောင်ခဲ့ရတဲ့ ရိုက်ကွင်း အတွေ့အကြုံတွေကိုလည်း ရတနာဗိုက အခုလို ပြောပြခဲ့ပါတယ်။

‘ကာဗွန်ဒိုင်အောက်ဆိုဒ်’ ရုပ် ရှင်ဇာတ်ကား ရိုက်ကူးတုန်းက အမှတ်တရတွေ အများကြီး ရှိခဲ့တယ်။ ရင်လည်းခုန်ခဲ့ရတယ်။ပြန်ကြည့် လိုက်တဲ့အချိန်မှာတော့ကိုယ်သရဲမပုံစံ လုပ်ထား တဲ့ရုပ်ကို ကိုယ်တိုင် ကြောက်လန့်ခဲ့ရပါတယ်။ လောက်အစစ်တွေကို ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲပ လက်တွေ့မှာ တင်ပြီး ရိုက်ခဲ့ရတာက တော်တော်လေးအမှတ်ရစေခဲ့ပါတယ်။ တော်တော် လည်းကြောက်ခဲ့ပါတယ်။ ပြီးတော့ ရေခဲတိုက်ထဲမှာလည်းရိုက်ခဲ့ရပါတယ်။ Rape ပြုလုပ်ခံ ရလို့သေသွားတဲ့ သရဲကာရိုက်တာလည်း လုပ်ရမယ်ဆိုတာ ကိုဝိုင်းပြောလို့သိတယ်။ သရဲမ လုပ်ရမယ် ဆိုတော့ လုပ်ကြည့်ချင်တာပေါ့နော်။ ဒါပေမဲ့ Rape ပြုလုပ်ခံရမယ် ဆိုတာ ကိုတော့ စိတ်ထဲမှာတစ်မျိုးဖြစ်သွားတယ်။ ရိုက်ကူးရဲပါ့မလား မသိဘူး၊ ရှက်နေရင် အိုက်တင်လုပ် နိုင်ပါ့ မလားဆိုပြီး စိုးရိမ်စိတ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရိုက်ကူးတဲ့အခါမှာတော့ ကိုဝိုင်းကလည်း အကောင်းဆုံး သင်ပြခဲ့တယ်။ ကိုယ်ကလည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီဇာတ်ကားက မဖွေးဖွေးနဲ့ ပထမဆုံးဆုံဖူးတဲ့ဇာတ်ကားပေါ့။ မဖွေးဖွေး အိုက်တင်လုပ်တာတွေကိုလည်း အမြဲသွားကြည့်တယ်။ သူလုပ်တဲ့ အိုက်တင်တွေကို တအားသဘောကျတယ်။ တစ်ချိန်လုံးလည်း လေ့လာ ဖြစ်တယ်။ မဖွေးဖွေးကလည်း ကိုယ် အိုက်တင်လုပ်ရင် ဘာလိုတယ်ဆိုတာတွေကို ပြောပြခဲ့တယ်။ မဖွေးဖွေး ဆီကလည်း ပညာတွေရခဲ့ပါတယ်” လို့ ရတနာဗိုက ပြောပြခဲ့ပါတယ်။

သူကတော့ ဒီရုပ်ရှင်ဇာတ်ကားမှာ အယုံလွယ်ခဲ့လို့ အောက်လမ်းပညာရဲ့ဓားစာခံဖြစ်ခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပြင် လောကမှာလည်း မိန်းကလေးတစ်ယောက်က အယုံမလွယ်ဘဲ ကိုယ့်ကိုယ် ကိုယ် ကာကွယ် တတ်ဖို့ အရေးကြီးပါတယ်လို့ ပြောလာတဲ့ သရုပ်ဆောင်ရတနာဗိုက …

”မိန်းကလေး တွေက အယုံမလွယ်ဖို့၊ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့သူ တွေကို မယုံကြည်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ် နိုင်ဖို့ က အများကြီး အရေး ကြီးပါတယ်။ အခုနောက်ပိုင်းဆိုရင် လည်း မုဒိမ်းမှုတွေရော သက် ငယ် မုဒိမ်းတွေရော ခဏခဏဖြစ်တာ ကြားရတယ်။ အဲဒါကြောင့် မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းစောင့်ရှောက်ရတာကတော်တော် ကိုများပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးကာကွယ်နိုင်တဲ့ ပညာဥာဏ်ရှိဖို့လည်းလိုပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here