GYM မကစားတဲ့နေ့ရက်ဆိုရင် ထုံထုံထိုင်းထိုင်းဖြစ်နေတတ်တယ် သရုပ်ဆောင် ထက်အောင်ရှိုင်း

0
319

ငယ်ငယ်လေးကတည်းက အားကစားကို ဝါသနာပါတဲ့ သရုပ်ဆောင်ထက်အောင်ရှိုင်းကတော့ လက်ရှိမှာ ကိုယ်ခန္ဒာကြံ့ခိုင်လှပဖို့အတွက် GYMကစားဖြစ်နေပါတယ်။ ဆယ်တန်းအောင်ပြီးတဲ့ အချိန်ကစပြီး အားကစားကို သေသေချာချာပြုလုပ် ဖြစ်လာတယ်လို့ ပြောလာတဲ့ သရုပ်ဆောင် ထက်အောင်ရှိုင်းက …

”အားကစားပိုင်းနဲ့ပတ်သက်ပြီး အခုလက်ရှိတော့ GYMကစားနေပါတယ်။ Weight ပြန်လျှော့နေတယ်။ ခန္ဓာကိုယ်ကို ဒီထက်ပိုပြီး တောင့်တောင့်တင်းတင်းဖြစ်အောင် ကစားနေပါတယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက အားကစားကိုဝါသနာပါတယ်။ သုံးတန်းလေးတန်း အရွယ် လောက်ကတည်းက ဘောလုံး ကန်ပါတယ်။ ဆယ်တန်းအောင် ပြီးတဲ့အချိန်မှာတော့ GYMကစားတာတွေရော အားကစား ပိုင်းကို သေသေချာချာလုပ်ကိုင်ဖြစ်လာပါတယ်။ အခုတော့ GYMကိုပဲ အဓိကထားပြီး ကစားနေပါတယ်။ ကျွန် တော်က GYMကစားတဲ့နေ့ရက်နဲ့ မကစားတဲ့ နေ့ရက်မတူဘူး။ GYMကစားတဲ့နေ့ရက်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဖိစီးမှုမရှိဘူး။ ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိပါတယ်။ GYMမကစားတဲ့နေ့ရက်ဆိုရင်ထုံထုံထိုင်း ထိုင်းဖြစ်နေတတ်တယ်”လို့ ပြောပြခဲ့ပါ တယ်။

မော်ဒယ်လ်တစ်ဦးဖြစ်သလို သရုပ် ဆောင်တစ်ဦးအဖြစ်လည်း ရုပ်ရှင်ဇာတ်ကား များမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ သရုပ်ဆောင် ထက်အောင်ရှိုင်းကတော့ မကြာသေးမီက ဒါရိုက်တာသားညီ ရိုက်ကူးတဲ့ ၂၅% ရုပ်ရှင်ဇာတ် ကားမှာလည်း ပါဝင်သရုပ်ဆောင်ထား ပါတယ်။ Gay နဲ့ ပတ်သက်တဲ့ ဇာတ် လမ်းမျိုးတွေ ရိုက်ကူးရတာများနေတဲ့ သူက ကိုယ်တိုင်သရုပ်ဆောင်ချင်တဲ့ ဇာတ်ရုပ်မျိုးတွေရှိကြောင်းကိုလည်း …

”ကျွန်တော့်အနေနဲ့ ကာရိုက် တာပိုင်းကို အများကြီး ရွေးချယ် ဖို့တော့ စိတ်ကူးမရှိပါဘူး။ ဘယ်လို ကာရိုက်တာမျိုးပဲဖြစ်ဖြစ် ကြိုးစားပြီး သရုပ်ဆောင်မယ်လို့ စဉ်းစားထား ပါတယ်။ ကျွန်တော်ကိုယ်တိုင် သရုပ် ဆောင်ချင်တဲ့ ကာရိုက်တာကတော့ ဇာတ် ကြမ်းပေါ့။ Action ဇာတ်ကြမ်းအမိုက်စား ကာရိုက်တာမျိုး ရိုက်ကူးချင်ပါတယ်။ မလုပ်ချင်တဲ့ ကာရိုက်တာဆိုပြီး သီးသန့်တော့မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် အခုလောလောဆယ်တော့ Gay နဲ့ ပတ်သက်တဲ့ ကာရိုက်တာမျိုးတွေထပ်နေတော့ မရိုက်ကူးဘဲ ခဏရပ်နားထားဖို့ စဉ်းစားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here