Dimensions ရုပ်ရှင်ဇာတ်ကားပြီး တဲ့နောက် အက်ရှင် ဇာတ်ကား တစ်ကားနဲ့ပရိသတ်ကို မိတ်ဆက် ဦးမယ့် Bonanza Production

0
177

‘Dimensions’ ရုပ်ရှင်ဇာတ် ကားကြီးကို ဩဂုတ်လ ၉ ရက်နေ့ စင်ကာပူနိုင်ငံ၊ Carnival ရုပ်ရှင်ရုံမှာ ပြသတော့မယ်ဆိုတော့ အဖွဲ့သား တွေ တက်တက် ကြွကြွနဲ့ ပျော်ရွှင်နေ ကြတာပေါ့။ Bonanza Production က’Dimensions’ လိုပဲအက်ရှင် ဇာတ်ကားတစ်ကား ထပ်မံထွက်ရှိ လာပါဦးမယ်။ ဇာတ်ကား နာမည်က ‘မြို့ပြမုဆိုးများ’တဲ့။ Bonanza Production က ထပ်မံထွက်ရှိလာ မယ့် ‘မြို့ပြမုဆိုးများ’နဲ့ ပတ်သက်ပြီး မနိုရာကိုက …

“ဇာတ်လမ်းဖရိန်က ‘Dimensions’ လို ဖရိန်မျိုးမဟုတ်ဘူး။ ဇာတ်လမ်း သွားကောင်းတယ်။ ဇာတ်လမ်းလည်း ပိုထူးခြားတယ်။ သရုပ်ဆောင်ကြီး တွေအနေနဲ့ ဦးရန်လေးနဲ့ဦးဇင်ဝိုင်းပါမယ်။ ခါရာ၊ မင်းမြတ်စိုးစံ၊ ဂျာ ဆိုင်း အိမ်နဲ့ တခြားမင်းသား၊ မင်းသမီးအသစ်လေးတွေလည်း ပြန်ပါ မယ်ပေါ့။ ခါရာ့အနေနဲ့ ဆိုရင်လည်း ဒီကားထဲမှာ Gangster တစ်ယောက်အနေနဲ့ တွေ့ရမှာဖြစ်လို့ ပရိသတ် ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်” လို့ ပြောပါ တယ်။

‘မြို့ပြမုဆိုးများ’ ကလည်း ‘Dimensions’ ကို ရိုက်ကူးတဲ့ ဒါ ရိုက်တာ ဥာဏ်ထင်ပါပဲ။ သူက …

“ဇာတ်ကားက ရိုက်ကူးလို့ ပြီးသွားပြီ။ အခု Song Design စတင် လုပ်ကိုင်နေတယ်။ နောက် ၃ လလောက် ကြာရင်တော့ ကျွန်တော် တို့ အချော သတ်ပြီးတော့မယ်။ ကျွန်တော်တို့နောက်နှစ်ဆန်းပိုင်း လောက် ရုံတင်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here