“ရွံစရာကြီး”သီချင်းကို MTV ထွက်ရှိဖို့ စီစဉ်နေတဲ့ အ ဆိုေ တာ် Sophia Everest

0
164

ပရိသတ်တွေအတွက် သီချင်းကောင်းတွေ သီဆိုတင်ဆက်ပေးလေ့ရှိတဲ့ အဆိုတော် Sophia Everest ကတော့ မကြာမီကပဲ ‘ရွံစရာကြီ’ Single Song ကို ပရိသတ်ထံ အ ရောက်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဩဂုတ်လလောက်မှာ MTV ထွက်ဖြစ်ဖို့ စီစဉ်နေတဲ့ အဆိုပါသီချင်းနဲ့ပတ်သက်ပြီး အဆိုတော် Sophia Everest က အခုလို ပြောပြခဲ့ပါ တယ်။

“ရွံစရာကြီးသီချင်းကတော့ ကိုယ်လိုချင်တဲ့ပုံစံကို တေးရေးဆရာ ကို ပြောပြတယ်။ တေးရေးဆရာကိုမိုးထက်က ဖန်တီးပေးထားတာပါ။ ရွံစရာကြီး သီချင်းမှာ ဆိုဖီအဓိကပြောချင်တာကတော့ ယောကျာ်းလေးတွေပေါ့နော်။ သူတို့ တွေမှာ မိန်းမရှိတယ်။ ဒါပေမဲ့ သူတို့သည် ချစ်သူကောင်မလေးလည်း ရှိနေတယ်။ အိမ်ထောင်ရှိလျက်သားနဲ့ မိန်းကလေးတွေကို တန်ဖိုးမထားဘဲ ငါပြောရင်ရနိုင် တာပဲဆိုတဲ့ပုံစံနဲ့ သဘောထားလာကြတယ်။ အဲဒီလိုမျိုးကို ဆိုဖီတို့ဆိုရင်တော့ လုံးဝလက်မခံနိုင်ပါဘူး။ စာသားတွေ အားလုံးကတော့ အဲဒီလိုအကြောင်းအရာ လေးတွေကို ပြောချင်တဲ့ပုံစံလေးတွေပါ။ MTV ကိုတော့ နာမည်ကြီးမင်းသား တစ်လက်နဲ့ ရိုက်ကူးဖြစ်မှာပါ။ ဩဂုတ်လလောက်မှာထွက်ဖြစ်ဖို့ စီစဉ်ထား ပါတယ်။ သီချင်းသစ်တွေလည်း ထွက်ဖို့ရှိပါတယ်။ ဆိုဖီက သီချင်းခွေ နှစ်ခွေ ထွက်ပြီးသွားပြီး နောက်ထပ် Single Song အနေနဲ့ပဲ ထွက်ဖြစ်မှာပါ”လို့ပြော ပြခဲ့ပါတယ်။

သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ဆက်လက်မေးမြန်းခဲ့ရာ…

“လက်ရှိအချစ်ရေးကတော့ ဆိုဖီချစ်သူနဲ့ အဆင်ပြေနေပါတယ်။ ဆိုဖီရဲ့ ခံယူချက်ကတော့ သူချစ်နဲ့ ကိုယ်ချစ်ဆိုရင် ကိုယ်ချစ်ကိုပဲ ဆိုဖီ ရှာတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ချစ်မှ စိတ်ချမ်းသာမှာပေါ့နော်။ သူချစ် နေလို့ ကိုယ်မချစ်ဘူးဆိုရင် ကိုယ်ကတစ်ဘဝလုံးစာ စိတ်ဆင်းရဲရမယ်လေ။ အခုကတော့ သူလည်းချစ်တယ်။ ကိုယ်လည်းချစ်ပါတယ်။ အခုလက်ရှိက သူလည်းကြိုးစားနေတုန်း ဆိုဖီလည်းကြိုးစားနေတုန်းပါပဲ။ နှစ်ယောက်စလုံးကတော့ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်မှုမရှိ လိမ်ညာမှုမရှိဘဲနဲ့ အကောင်းဆုံး ကြိုးစားနေကြပါတယ်။ သူနဲ့ကိုယ်နဲ့က ချစ်သူဆိုတာထက် ပိုရင်းနှီးတယ်။ ဆိုဖီ့ အလုပ်ကိုလည်း သူနားလည်တယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အပြည့် ပေးထားကြပါတယ်” လို့ အဆိုတော် Sophia Everest ပြောပြခဲ့ပါတယ်။

သတင်း – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here