တာဝန်အရ သီချင်းကို Version တစ်မျိုး သီဆိုမှုနဲ့ထွက်ရှိလာဦးမယ့် ဝိုင်းလေး

0
250

လောလော လတ်လတ်တင်ပဲ ဝိုင်း လေးနဲ့  Y .zet တို့ သီဆိုထား တဲ့ ‘ဒဏ်ရာမိုး’ ဆိုတဲ့သီချင်းထွက်ရှိထား တာရှိတယ်။ နောက်ပိုင်းက ဝိုင်းလေးအနေနဲ့ သီချင်းတစ်ပုဒ်ချင်းစီပဲ အွန်လိုင်းကနေ တင် ဆက်သွားနေတာများတာပေါ့။ ‘တာဝန်အရ’ သီချင်းလေးဆိုရင်လည်း ပရိသတ်ကြားမှာ တော်တော်ပေါက်ခဲ့တယ်လေ။ ‘တာဝန်အရ’ သီချင်းက အွန်လိုင်းမှာတော်တော်ပေါက်ခဲ့တဲ့အပေါ်……

”ကောင်မလေးတစ်ယောက် တင်ထားပေး တာပါ။ အဲဒါလေးက ဘယ်အချိန်ကြည့်ကြည့် တကယ်ကို အမှတ်တရဖြစ်တယ်။ ဒီလောက်အထိ Viewers တက်သွားတယ်ဆိုတာ ညီမအတွက် တအားပျော်စရာကောင်းတယ်။ နယ်ဘက်ရောက် တာပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲရောက်ရောက် ပရိသတ် တွေက ညီမကို ဒီသီချင်းလေး သီဆိုပေးဖို့ တောင်းဆိုကြတဲ့အတွက် ဒီ ‘တာဝန်အရ’ သီချင်းလေးကို နောက်ထပ် Version တစ်မျိုး သီဆိုမှုနဲ့ မကြာခင်မှာ ပရိသတ်လက်ထဲကို ပေးဖို့လုပ်နေပါတယ်” လို့ ဝိုင်းလေးက ပြောပါတယ်။ တစ်ဆက်တည်း မေးဖြစ်တာက သီချင်းတစ်ပုဒ်ပေါက်ဖို့ဆိုရင် ဘာတွေလိုအပ်မယ်ထင်လဲ။ သေချာတာကတော့ အဆိုတော်တွေ တော်တော်လေးအားခဲပြီးလုပ်ထား တဲ့ သီချင်းတိုင်းလည်း ပေါက်ချင်မှပေါက်တယ်။ တစ်ခါတလေကျတော့ ပေါက် မယ်မထင်တဲ့သီချင်းလေးတွေကလည်း ထပေါက် သွားတတ်တာတွေ့တယ်။ ဝိုင်းလေးကရော ဘယ်လိုမြင်လဲ၊ ဘယ်လိုပုံစံလေးတွေနဲ့ ရှေ့ဆက်သွားနေလဲလို့မေးကြည့်တော့ …

”တစ်ခါတလေကျတော့ ကိုယ်မထင်မှတ်တဲ့သီချင်းက ပရိသတ်ကြိုက်သွားတတ်တယ်။ တစ်ခါတလေကျတော့လည်း ပရိသတ်နဲ့ ထပ်တူကျတဲ့သီချင်းတွေရှိတာပေါ့။ ညီမကတော့ ကိုယ်တိုင်လည်းသီချင်းရေးနေတာဖြစ်တဲ့အတွက် တစ်ခါတလေ ကျလို့ရှိရင် ကိုယ့်နှလုံးသားရင်ခုန်သံနဲ့ ပရိသတ်ရင်ခုန်သံကထပ်တူ ကျချင်မှကျလိမ့်မယ်။ နှစ်ခုရှိတာက ပရိသတ်အကြိုက် လုပ်မလား၊ ဒါမှမဟုတ် ကိုယ်ကြိုက်တာကိုယ်လုပ်မလား။ ကိုယ်ကြိုက်တာကိုယ် လုပ်မယ်ဆိုလို့ရှိရင်တော့ ကိုယ်ကြိုက်တဲ့ နောက်ကို ပရိသတ်က ကြိုက်ချင်မှကြိုက်မယ်။ တကယ်လို့ ကြိုက်လာပြီဆိုလို့ရှိရင်လည်း အဲဒီအောင်မြင်မှုက တောက်လျှောက် တည်တံ့သွားလိမ့်မယ်။ တစ်ခါတလေ ပရိသတ်အကြိုက်ချည်းပဲ လုပ်နေမယ်ဆိုလို့ရှိရင်တော့ အားလုံးက ကြက်သားဟင်းစား တယ်ဆိုလို့ရှိရင် တစ်ချိန်လုံး ကြက်သားဟင်းမစားဘူးလေ။ ဝက်သားဟင်းပြောင်းစားတဲ့အချိန်ကျရင် ကိုယ်ဒုက္ခရောက်မှာ။ အဲဒီအတွက် ညီမကတော့ ကိုယ်ယုံကြည်တဲ့သီချင်းကို လုပ်လိုက်တဲ့အခါမှာ ပရိသတ်က ကြိုက်သွားတယ်ဆိုတဲ့ Connection လေးတစ်ခုကို ရအောင် အမြဲတမ်းကြိုးစားတယ်။ နောက်ပိုင်းမှာ ကိုယ်တိုင်ရေးတဲ့ သီချင်းတွေကပရိသတ်နဲ့ တစ်ထပ်တည်းကျလာ တာဖြစ်တဲ့အတွက် နောက်ပိုင်းမှာလည်း ကိုယ်ကိုယ်တိုင်ရေးတာလေးတွေများလာပါတယ်” လို့ ဝိုင်းလေးက ပြောပြခဲ့ပါတယ်။

မျိုးမောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here