ဇူလိုင်လက ကံကောင်းစေတဲ့လတစ်လလို့ပြောလိုက်တဲ့ ဟန်တီ

0
227

ဇူလိုင်လထဲမှာ ပဲ Miss Myanmar World 2018 သရဖူကြီး ဆွတ်ခူးရယူ ပိုင်ဆိုင်ခဲ့တဲ့ ဟန်တီက ဇူလိုင်လထဲမှာပဲ သူ့ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့အလှူ ပြုလုပ်ခဲ့ ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မွေးနေ့လက်ဆောင်ပြန်ပေးချင်လို့ပြိုင်ပွဲမှာ အစွမ်း ကုန်ကြိုး စားခဲ့ပါတယ်ဆိုတဲ့ ဟန်တီကမွေးနေ့ အကြိုအလှူအဖြစ် ဇူလိုင်လ၊ ၂၁ ရက်နေ့က တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်မှာ သံဃာ အပါး ၂၅၀ ကို ဆွမ်းဆက်ကပ်လှူ ဒါန်းခဲ့ပါတယ်။ မွေးနေ့အကြို အလှူ နဲ့ပတ်သက်ပြီး ဟန်တီက …

“ဟန်တီနှစ်တိုင်းမွေးနေ့မှာအလှူလုပ်ဖြစ်တယ်။ ဟန်တီကိုယ် တိုင်လည်း ဒီလိုမျိုး သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ပရိသတ်တွေ အများ ကြီးနဲ့ ဆုံချင်တဲ့အတွက် အကုန်လုံး လာရောက်နိုင်မယ့် ဒီ ၂၁ ရက်နေ့ စနေနေ့လေးကို ရွေးလုပ်ဖြစ်တာပါ။ ဟန်တီ ၂၂ ရက်နေ့မှာတော့ ရွှေတိဂုံဘုရားမှာပဋ္ဌာန်းရွတ်မယ်။ ရွှေသင်္ကန်းလည်းကပ်မယ်။ ၂၅ ရက်နေ့ ဟန်တီရဲ့မွေးနေ့မှာတော့ အရုဏ်ဆွမ်းရယ်၊ နေ့ဆွမ်းရယ်ကပ်မယ်။ ပရဟိတ အလုပ်လုပ်ကိုင်ဖို့အစီအစဉ်လည်းရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။


ဇူလိုင်လက ဟန်တီ့အတွက် ကံကောင်းစေတဲ့ လတစ်လလို့ ပြောလို့ ရတဲ့အပြင် သူ့ရဲ့မေမေဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းခွင့်ရတဲ့အပေါ် ဟန်တီက …

“ဟန်တီ ဒီဇူလိုင်လမှာ ဆု တောင်းတာတစ်ခုပဲရှိတယ်။ ဟန်တီ ရဲ့ မွေးလမှာ ဒီပွဲကြီးရှိတဲ့အတွက် ဟန်တီအကောင်းဆုံးကြိုးစားတယ်။ ကိုယ့် ကိုယ်ကိုယ်မွေးနေ့လက်ဆောင်လည်း ပြန်ပေးခွင့်ရတယ်။ မေမေ ဖြစ်ချင်တဲ့ ဆန္ဒလည်း ဖြည့်ဆည်းခွင့်ရတဲ့အတွက် ဟန်တီတအား ဝမ်းသာတယ်”လို့ ပြောပြခဲ့ပါတယ်။
သူငယ်ချင်းတွေကနေပေးတဲ့ မွေးနေ့လက်ဆောင်အပြင် အကောင်းဆုံး မွေးနေ့လက်ဆောင်ကိုပါ ရရှိခဲ့ပုံနဲ့ ပတ်သက်ပြီး ဟန်တီက “ဒီနှစ်က တော့ တကူးတက ဘယ်သူ့ကိုမှ ဟန်တီ Request မလုပ်ဘူး။ သူငယ်ချင်း တွေ မွေးနေ့လက်ဆောင်ပေးထားကြတာတော့ အများကြီးပဲ။ အဓိကက ဟန်တီကို အားပေးကြတယ်။ တကယ် ချစ်ခင်ပေးကြတယ်။ အဲဒါတွေက ဟန်တီ့အတွက် တကယ့်အကောင်းဆုံးမွေးနေ့လက်ဆောင်တွေပါပဲ”လို့ ပြောပြခဲ့ပါတယ်။

 


ခိုင်ဝါဝင်း

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here