ထူးအောင် လို ကိုယ်ခန္ဓာအချိုးအစား လှပဖို့ဆိုရင် ဘာတွေလုပ်ရမလဲ

0
301

သရုပ်ဆောင်၊ မော်ဒယ်လ် ထူးအောင်လို့ဆိုလိုက်ရင် သူ့ရဲ့ခပ်မိုက်မိုက် ဘော်ဒီကို ပြေးမြင်ကြမှာပါ။ သူ့လို ခန္ဓာကိုယ်အချိုးအစားလှပဖို့ဆို ရင် ဘယ်လိုအချက်အလက်တွေလုပ် ဆောင်ရမလဲ။ သေချာတာကတော့ သူဟာငယ်ငယ်ကတည်းက ဒီလိုဘော်ဒီမျိုးနဲ့ ထွက်လာ တာမဟုတ်လောက်ပါဘူး။ လေ့ကျင့်ရမှာပါ။ သူ့မှာနည်းလမ်းကောင်းတွေရှိပါတယ်။ ပရိသတ် ကို ဒီနည်းလမ်းကောင်းတွေအကြောင်း ပြောပြပါဦးလို့ ထူးအောင်ကိုပြောတော့…

”ကျွန်တော် အရင်တုန်းက ခန္ဓာကိုယ်တအားသေးသွယ်တယ်။ ပိန်တယ်။ အဲဒီအခါမှာ ပတ်ဝန်းကျင်က ပြောဆိုတဲ့ဒဏ်တွေရှိတယ်။ ကျွန်တော်မခံချင်စိတ်တွေနဲ့ ရုန်းကန်ပြီး ကြိုး စားတယ်။ ကျွန်တော့်ခန္ဓာကိုယ်အတွက်ပေါ့။ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ကို စားတယ်။ သောက် တယ်။ နေထိုင်တယ်။ တဖြည်းဖြည်းလုပ်ယူရတာပေါ့။ လူတစ်ယောက်နဲ့တစ်ယောက် ကစားပုံ၊ နာရီကတော့ ကွာတာပေါ့နော်။ ကျွန်တော်ကတော့ ခန့်မှန်းခြေအားဖြင့်ဆိုရင် ၂နာရီကနေ ၃ နာရီကြားထဲမှာ ကစားတယ်။ စကစားတဲ့အချိန်ကာလအတောအတွင်းမှာဆိုရင် အစား အသောက်ကို စနစ်တကျစားတယ်။ အိပ်ချိန်၊ စားချိန်၊ သေသေချာချာခွဲပြီးတော့ ကစားတာ ပေါ့”လို့ ထူးအောင်က ပြောပါတယ်။ ကိုယ့်ကိုယ် ကိုယ်ကော လက်ရှိ ဘော်ဒီနဲ့ပတ်သက်လို့ သဘောကျလား၊ ထိန်းသိမ်းမှုတွေလုပ်ရသေးလားလို့ ထူးအောင်ကိုမေးတော့….

”ကျေနပ်ပါတယ်။ ကျွန်တော်ခန္ဓာကိုယ်ကို ထိန်းထားတဲ့အပိုင်းတွေလည်း အများကြီးရှိပါ တယ်။ တချို့ ညတွေဆိုရင် ညစာမစားပါဘူး။ ထမင်းမစားဘူး။ ကြက်ဥလေးပဲ စားတယ်။ ဝိတ်တက်မယ့် အစားအစာတွေဆိုရင် တတ်နိုင်သမျှရှောင်ရပါတယ်” လို့ သူကပြောပါတယ်။

Gymကစားချင်တဲ့သူတွေအတွက် ထူးအောင်ဘာများအကြံပေးချင်လဲလို့ ဆိုတော့ …

”အခု Gymကစားချင်တဲ့သူတွေ၊ အားကစားလိုက်စားချင်တဲ့သူတွေကို ပြောချင်တာပါ။ ကိုယ်လုပ်မယ်ဆိုလို့ရှိရင် ဖြစ်အောင်လုပ်ပါ။ နာကျင်ကိုက်ခဲမှုဒဏ်ကတော့ခံရမှာပဲ။No Pain No Game ပါ။ နာကျင်မှုမရှိဘဲနဲ့ ဘာမှမရဘူး။ ကိုယ်ကဘာမှ မပေးဘဲနဲ့ ဘာမှမရ ဘူး။ ဘယ်အရာမဆို ကိုယ်က တစ်ခုပေးမှ တစ်ခုပြန်ရမယ်။ Give and Take ဆိုတာ ရှိတယ်ပေါ့နော်။ အဲဒီတုန်းက ကျွန်တော့်ခေါင်းထဲမှာ ဘာမှမရှိဘူး။ နာရင်နာပါစေ၊ သေရင်သေပါစေ ကစားမယ်ဆိုတဲ့ စိတ်ရှိ တယ်ပေါ့နော်။ ကျွန်တော်စကစားတုန်းက ကျောင်းမပြီးသေးဘူး။ ကျောင်းက ပြန်လာတဲ့အခါ အရမ်းပင်ပန်းတယ်။ ဖျားချင်သလို၊ နာချင် သလိုဖြစ်တယ်။ ဒါပေမဲ့ ရအောင်သွားကစားတယ်။ ငါသေရင်သေပါစေ၊ ဒီနေ့တော့ သွားကစားမယ်ဆိုတဲ့ စိတ်နဲ့ဆော့ဖြစ်တယ်။ ကိုယ့်ညီအစ်ကို တွေကိုလည်း အဲဒီလိုဖြစ်စေချင်တယ်။ အကယ်၍ လိုအပ်တဲ့အကူအညီ၊ ပုံကစားနည်းတွေကို သိချင်တယ်ဆိုလို့ရှိရင်လည်း ကျွန်တော့်ကို ပြောပါ။ ကျွန်တော်အွန်လိုင်းကနေ တင်ပေးဖို့လည်းရှိပါတယ်။ မသိတာ ရှိရင်လည်း မေးလို့ရပါတယ်”လို့ သူက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here