မင်းသမီးတန်းကို ရောက်လာတဲ့အခါမှာ ယွန်းယွန်း ဘာတွေ ပြောင်းလဲသွားမလဲ

0
307

ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေ ချစ်ပြီး အား ပေးလာခဲ့တဲ့ အကယ်ဒမီယွန်းယွန်းကဆယ်ကျော်သက်အရွယ်ရောက်လာ တဲ့အခါမှာလည်း သူ့ရဲ့ အောင်မြင် မှုကို ဆက်လက်ထိန်းသိမ်းထား နေဆဲပါပဲ။ ကြော်ငြာတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေ သလို ဇာတ်လမ်းတွဲ တွေမှာ လည်း ပါဝင်သရုပ်ဆောင် နေပေမယ့် ရုပ်ရှင်ဇာတ်ကားတွေကိုတော့ အရှိန်ယူ နေတဲ့အတွက် မရိုက်ကူးဖြစ်သေးဘူးလို့ဆိုပါတယ်။

ဇာတ်ကားတွေမှာ ပြန်လည်ပါဝင်ပြီး သရုပ်ဆောင် ခွင့်ရတဲ့အခါမှာ တော့ ပရိသတ် တွေစိတ်မပျက်စေ ရဘဲ အားပေးရ ကျိုးနပ် အောင် အ ကောင်းဆုံး ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။ ကလေး သရုပ်ဆောင် တစ်ယောက်အဖြစ်ကနေ အနုပညာ လောကထဲကိုဝင်လာတာဖြစ်တဲ့ အတွက် ပရိသတ်တွေကတော့ သူ့ကို မင်းသမီး တစ်ယောက်ရယ်လို့မမြင်ကြသေးဘဲ ကလေး တစ် ယောက်လိုပဲ ချစ်ခင်အားပေး နေဆဲ ပါပဲ။ မင်းသမီးတန်းကို ရောက်ရှိလာတဲ့ အချိန်မှာဘာတွေပြောင်းလဲမှုရှိသွား မလဲဆိုတာကိုတော့ ယွန်းယွန်းက…

”သမီးကတော့ သမီးပုံစံအတိုင်း လေးပဲနေသွားမှာပါ။ မင်းသမီးဆိုပြီး တော့ ကိုယ့်ပုံစံကို ပြောင်းပစ်လိုက်မှာ မဟုတ်ပါဘူး။ သမီးပရိသတ်တွေနဲ့ သမီး အချင်းချင်းနားလည်မှု ရှိပြီးတော့ အဆင် ပြေရင်ပြီးတာပါပဲပေါ့။ အမြဲတမ်းဒီပုံစံ အတိုင်းပဲနေမှာတော့ မဟုတ်ပါဘူး။ အ ပြောင်းအလဲလေးတွေတော့ လုပ်သွား မှာပါ” လို့ ဆိုပါတယ်။

 

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here