ရန်ကုန်မြို့တော် နှင့် ရုပ်ရှင်စတူဒီယို Film City & Film Studio

0
192

ရွာရှိရင် …
ဘုရားတည်ရမယ်၊
ကျောင်းဆောက်ရမယ်၊
ဒါမှ ..တင့်တယ်မှာလေ။

ရုပ်ရှင် ရိုက်ကူးထုတ်လုပ်မယ် ဆိုရင် ရုပ်ရှင်ရုံတွေ ရှိရမယ်။ ရိုက် ကူးရေးအတွက် ရုပ်ရှင် Studioကြီး တွေ ရှိရမယ်။ ဒါမှ ပြည့်စုံမှာပေါ့။
အခု …Studioမရှိတော့ ဟို အိမ်ငှားရိုက်၊ ဒီအိမ်ငှားရိုက်ကူးရ၊ သံ တစ်ချောင်းတောင် ရိုက်ကူးခွင့်မရတာ၊ လိုချင်တဲ့ပုံစံ ဘယ်လိုအသက်သွင်း မှာလဲ။ ရေတံခွန်ရှိပြီး ရေမချိုးရ ဆို တာလို ဖြစ်နေပြီ။

မှတ်မိပါသေးတယ် ..ဗီဒီယို ခေတ်ကောင်းချိန်မှာ DVD ရုံတင် ဇာတ်ကားတွေ ခေတ်စားနေချိန်မှာဒါရိုက်တာဝိုင်းက အရေးကြီးတဲ့ ဇာတ်ဝင်ခန်းအတွက် ကန်တော်ကြီး ထဲမှာ ဆေးရုံ Setting ဆောက်ပြီး ရိုက် ကူးသွားတာ၊ ဆေးရုံကြီးရဲ့ အတွင်း အပြင်သာယာလှပပုံကို ကြည်နူးစွာ ခံစားခဲ့ရတယ်။

အဲဒီလိုပဲ အခုရုပ်ရှင်ခေတ်မှာ လည်း ဝိုင်းက ပေ ၁ဝဝ x ၈ဝ ကျယ်ဝန်း တဲ့ ဂိုဒေါင်ကြီးငှားပြီးလိုချင်တဲ့ Settingဆောက်ကာရိုက်ကူးတယ်။ ဇာတ်နဲ့ အံဝင်မယ့် ပုံစံဒီဇိုင်းတွေကို ထိုင်းက ပညာရှင်တွေဆီအပ်ပြီး ပုံစံ ထုတ်ပြီးမှ Settingဆောက်ပြီး ရိုက်ခဲ့တာလည်း ရှိပါတယ်။ ဒါမှ Emotion စိတ်ခံစားမှုအပြည့်အဝရ ရှိမှာပါ။

ပြောမယ်ဆို မြန်မာ့ရုပ်ရှင်ခေတ် ဦးတည်းက ရုပ်ရှင်စတူဒီယိုဆိုတာ ရုပ် ရှင်ကုမ္ပဏီတိုင်းမှာ ပါလာတာပါ။ အေဝမ်းစတူဒီယိုဆိုတာ တကယ့်အင် ပါယာကြီးပါ။ နယူးဘားမား၊ စိန် မောင်၊ ညွန့်မြန်မာ၊ အမျိုးသားရုပ် ရှင်ခြံကြီးတွေထဲမှာ ရုပ်ရှင်စတူဒီယို ဆောက်ပြီး ရိုက်ကူးလာကြတာ မြန် မာ့ရုပ်ရှင်ခေတ်တစ်ခေတ်ပါပဲ။

စွယ်စုံမင်းသားကြီး ဝင်းဦးဆို စိန်မောင်ခြံထဲမှာပဲ လိုချင်တဲ့ ဆက် တင်ဆောက်ပြီး ရိုက်ကူးခဲ့တာပါ။ ဝင်း ဦးရဲ့ ‘ချစ်သူရေးမယ်ချစ်ဝဲလည်’ ဇာတ် ကားမှာ ဝင်းဦးရှစ်ကိုယ်ခွဲ။ ပြီးတော့ ‘ခိုင်မာလာနှင်းဆီ’ဇာတ်ကားStudioထဲမှာ Settingဆောက်ပြီး ရိုက်ခဲ့ တယ်။ အဆုံး၊ ဗိုလ်ချုပ်ဈေး မျက်နှာ စာနဲ့ ဆိုင်ခန်းတွေကို Settingဆောက်ပြီး ရိုက်ကူးခဲ့တာ။

ရုပ်ရှင်တစ်ခေတ်လဲသွားချိန်မှာ ရုပ်ရှင်ရုံတွေနဲ့ ရုပ်ရှင်ခြံ Studioကြီး တွေ ဂိုဒေါင်ဖြစ်သွားတော့တာပဲ။ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ဇာတ် လမ်းရုပ်ရှင်က studio မကျ ဂို ဒေါင်တွေထဲမှာ မှေးရိုက်ကူးခဲ့တာ နောက်ဆုံးပါပဲ။ ဆရာဦးကြီးမြင့်၊ ဆရာဦးအောင်မြင့်မြတ်၊ ဆရာခင် မောင်ဦး စိုးသိမ်းထွဋ်၊ ဆရာမောင် နန္ဒ၊ ဆရာဦးကြည်စိုးထွန်းတို့ အထိ ပါပဲ။

ဒီဘက် Digital ခေတ် ရုပ်ရှင် ရိုက်ကူးရေးတွေမှာတော့ ရုပ်ရှင်ရိုက် ကူးရေး Studioဆိုတာ မရှိတော့ဘူး။ အခြေအနေပေါ် ကြည့်ပြီး ရိုက်နေရ တယ်။ ကမ္ဘာ့နိုင်ငံ အတော်များများ မှာတော့ စတူဒီယိုကြီးတွေထဲမှာ စိတ်ကြိုက် Settingဆောက်ပြီး ရိုက် နေတဲ့ဇာတ်ကားတွေနဲ့ အလှမ်းဝေး နေရပြီ။

အခုချိန်မှာ ကမ္ဘာ့အကြီးဆုံး ရုပ်ရှင် StudioကြီးကRAMOJI Film City မှာရှိတဲ့ Film Studioပါ။Bollywoodရဲ့ အံ့မခမ်းတဲ့စတူဒီယို ပါ။Hyderabadပြည်နယ်မှာ တည် ဆောက်ထားတာပါ။ ၁၉၉၆ မှာRAMOJI RAO ဆိုတဲ့ သူဌေးကြီးက သူတစ်ဦးတည်းပိုင်RAMOJI Film City နဲ့ Studioကြီးကို တည်ဆောက် ခဲ့တာပါ။

သူ့စတူဒီယို Film City ကြီးထဲ မှာBollywoodနာမည်ကြီး ရုပ်ရှင် ကားတွေ များစွာရိုက်ကူးခဲ့ပါတယ်။ လူသိအများဆုံးဖြစ်တဲ့ CHINAL Express၊ Dilwale ကမ္ဘာကျော် ဇာတ်ကားဖြစ်တဲ့၊BAHUBALJ-2ခမ်းနားတဲ့ Settingကြီးတွေ ခုထိ တိုင်ထားရှိတဲ့ အမွေအနှစ်ပြယုဂ်တွေ ပါ။

RAMOJI-FilmCity ထဲမှာ နားနေခန်း၊ တည်းခိုခန်း၊ စားသောက် ဆိုင်များ၊ ဘုရားကျောင်းမျိုးစုံ၊ ပန်း ဥယျာဉ်၊ ဇာတ်ရုံ၊ သူဌေးကြီးနေအိမ်၊ နန်းတော်၊ ခံတပ်၊ မြို့ရိုး၊ ကျေးရွာ၊ ရပ်ကွက်၊ ဘူတာရုံ၊ ရထားတွဲအပါ။ Country City ၊ (cowboy) ၊ လေ ယာဉ်အတွင်းခန်း၊ ရထားအတွင်းခန်း၊ ကုမ္ပဏီရုံးခန်း၊ MARKET ဈေး၊ စုံ လို့ စုံလို့ပါပဲ။ အဲဒီလောက်များစွာရှိ နေတာ။ Ramoji City ကို အလည် လာသူကလည်း တစ်နေ့တစ်နေ့ မနည်းပါပဲ။ ဝင်ငွေလည်း များစွာရရှိ တယ်။

အိန္ဒိယရုပ်ရှင်ရဲ့ ပထမဆုံး Studioကို NOOR JAHAN အမည်နဲ့ ၁၉၃၄ မှာ စတင်တည် ဆောက်ခဲ့ပါတယ်။ဒုတိယက KISAN KANHAIYA အမည်နဲ့ ၁၉၃၇ မှာ တည်ဆောက်ခဲ့ပြီး၊ တတိယက ၁၉၄၉ မှာ PRABHAT အမည်နဲ့ တည်ဆောက်ခဲ့တာပါ။

၂ဝ၁ဝ – ဝန်းကျင်မှာ Mumbai Film City ဆိုပြီး၊ စူပါမင်းသားရှာရွတ် ခန်းက ဇနီးဖြစ်သူ GOREKHAN အမည်နဲ့ ရုပ်ရှင် Studioတည် ဆောက်ခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်မှာ ထပ်ဆင့်အကယ်ဒမီနေတိုးကလည်း ကိုယ်ပိုင် Studioဆောက်ခဲ့တယ်။

Hollywood FilmStudioက ၁၉၅၃ June-23 မှာ WALT DISNEY Studioကို တည်ဆောက် ခဲ့တာ ၆၄ မှာ ပြီးပါတယ်။ ၁ဝ နှစ် ဝန်းကျင်ကြာခဲ့ပါတယ်။ ASF.Lucas FilmStudioကို ၁၉၁၇ မှာ တည်ဆောက်ပြီး ၁၉၂ဝ မှာ ပြီးနိုင်ခဲ့ တယ်။

(၁) Columbia ရုပ်ရှင်၊ (၂) 20th century Fox. (၃) Warner Bros. (၄) Paramount (၅) Universal (၆) Metro စတဲ့ကုမ္ပဏီ ကြီးတွေက ရုပ်ရှင်လုပ်ငန်းစလုပ်က တည်းက Studioကြီးတွေပါ တည် ဆောက်ရိုက်ကူးခဲ့တာပါ။

China Film Studio ကို Xu.wenrong က Hengdian word Studioကို တည်ဆောက်ခဲ့ တယ်။ MALAY ကတော့ Malay Film Studioကို Johot မှာ Prine wood Iskandar နာမည်နဲ့ တည် ဆောက်ထားပါတယ်။

ထိုင်းအပါအဝင်၊ တခြားနိုင်ငံ များမှာ FilmCity, FilmStudioတွေ ရှိနေကြပါတယ်။

မျက်မှောက်ခေတ် မြန်မာ့ရုပ် ရှင်အတွက်လည်း ရုပ်ရှင်မြို့တော်၊ ရုပ်ရှင်စတူဒီယိုကြီးများလည်း တည် ဆောက်ဖို့၊ နိုင်ငံတော်အစိုးရမှ အ လင်းပြပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်မှ ဆန္ဒများထုတ် ဖော်ကာ မြန်မာ့ရုပ်ရှင်ကို ဝန်းရံပေးလာ ပြီကို ရုပ်ရှင်လောကသားများမှ ဝမ်း ပန်းတသာကြည်နူးစွာကြိုဆိုရပါပြီ။

ပြန်ကြားရေးဝန်ကြီးဌာန လက် အောက်ရှိ စတူဒီယိုအဟောင်းများကို ပြုပြင်မွမ်းမံပြီး အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိခြင်းကိုလည်း မြင်တွေ့နေရတယ်။

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လောကသားများ ဝန်းရံနိုင် ကြရန် ဆန္ဒထုတ်ဖော်တင်ပြလိုက်ရ ပါတယ်။ ရှာဖွေလျှင် တွေ့ရှိသည်။

ဒါရိုက်တာ မောင်ဗေဒါ


LEAVE A REPLY

Please enter your comment!
Please enter your name here