နားလည်မှုအပြည့်ရှိတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားသူနန်းဆုရတီစိုး

0
280

သရုပ်ဆောင်တစ်ဦးဖြစ်သလို အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ နန်းဆုရတီစိုးကတော့ လတ်တလောမှာ သူ့ရဲ့ချစ်သူ အဆိုတော် G-Fatt နဲ့ အတူ “အကယ်၍ လက်ထပ်ကြတဲ့အခါ” MTV မှာ ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ အဲဒီြွှဠ မှာ ပါဝင်သရုပ်ဆောင်ထားတာနဲ့ ပတ် သက်ပြီး သရုပ်ဆောင် နန်းဆုရတီစိုးက အခုလို ပြောပါတယ်။

“လတ်တလောမှာ နန်းဆုက ‘အကယ်၍ လက်ထပ်ကြတဲ့အခါ’ ဆို တဲ့သီချင်းရဲ့ MTV မှာ ကို G-Fatt နဲ့အတူ သရုပ်ဆောင်ထား ပါတယ်။ ရိုက်ကူးထားတာကလည်း လူငယ် လေးတွေ ကြိုက်မယ့် လူငယ်အချစ် ဇာတ်လမ်း ပုံစံမျိုးလေးဆိုတော့ လူငယ်လေးတွေ ကြိုက်ကြမှာပါ။ View တွေ များတဲ့အတွက်လည်း ပရိသတ်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
သူနဲ့အဆိုတော် G-Fatt တို့ ချစ်သူနှစ်ဦးရဲ့ ချစ်သူဘဝ ဖြတ်သန်းမှုကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ…

“နန်းဆုတို့ နှစ်ယောက်စလုံးက သိပ်ပြီးရန်လည်းမဖြစ်ကြဘူး။ ညှိညှိနှိုင်း နှိုင်း တိုင်တိုင်ပင်ပင်ရှိကြတယ်။ ပြီးတော့ နှစ်ယောက် စလုံးက အနုပညာသမားဖြစ်နေတဲ့အတွက် ဘာ မှလည်း ထွေထွေထူးထူး ညှိယူစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှု အပြည့် အဝ ရှိတယ်။ တစ်ခါတလေ စိတ်ဆိုးစိတ် ကောက် တာ လောက်ပဲရှိတယ်။ ကြီးကြီးမားမား ရန်ဖြစ် တာတော့ မရှိပါဘူး။ တော်တော်လေး နားလည်မှုရှိ တယ် လို့ ပြောလို့ရတာပေါ့။ ကိုယ့်အလုပ် ပေါ်မှာရော သူ့အလုပ်ပေါ်မှာရော နားလည်တယ်။ တစ်ယောက် လိုအပ် တာကို တစ်ယောက်က ဖြည့်ဆည်း ပေး တယ်ဆိုတော့ တော်တော်လေး အ ဆင်ပြေ ပါတယ်” လို့ သူ့ရဲ့အချစ် ရေးနဲ့ပတ်သက်ပြီး သရုပ်ဆောင် နန်းဆုရတီစိုးက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here