ဘက်စုံရတဲ့ မင်းသား ၊ မင်းသမီးတွေဖြစ်အောင် ကြိုးစားကြပါလို့ သဘင် မင်းသားကြီး ဦးချမ်းသာ လူငယ်တွေကို အကြံပြုစကားဆို

0
285

သဘင်မင်းသားကြီး ဦးချမ်းသာကနေ မွေးထုတ် ပေးလိုက်တဲ့ သဘင်မျိုးဆက်သစ်လူငယ်တွေက အများ ကြီးပါပဲ။ တချို့ဆိုရင် ကိုယ်ပိုင်ဇာတ်တွေ တည်ထောင်ပြီး မြန်မာပြည်အနှံ့ ကပြနေကြတာတွေလည်းရှိပါတယ်။ ဦးချမ်းသာအနေနဲ့လည်း လူငယ်တွေကို ဇာတ်သဘင်နဲ့ ပတ်သက်လို့ အမြဲသွန်သင်ပြောပြပေးလေ့ရှိပြီး မြန်မာ့ ဇာတ်သဘင်ကို နိုင်ငံတကာအထိရောက်ရှိအောင် ကြိုး စားဖော်ထုတ်စွမ်းဆောင်ပေးနိုင်တဲ့ လူငယ်တွေအထိ ဖြစ် စေချင်သူပါ။ လူငယ်တွေအတွက် သူ့သြဝါဒစကားပြောပြ တာကတော့ –

”ဇာတ်သဘင်ကို စတိတ်ရှိုးတစ်ခုတည်းနဲ့ ဇာတ် သဘင်လို့မထင်ပါနဲ့။ သားတို့က ငိုလည်းလှ၊ ရယ်လည်း လှအရွယ်လေးတွေလှတဲ့ သားတွေ သမီးတွေ ဖြစ်ပါတယ်။ ဇာတ်သဘင် စင်မြင့်ပေါ်မှာ စတိတ်ရှိုးတစ်ခုကောင်းတဲ့ မင်းသားဖြစ်မယ့်အစား ဘက်စုံရတဲ့ မင်းသား မင်းသမီး တွေဖြစ်အောင် ကြိုးစားကြပါလို့ ဦးချမ်းမြတ်နိုးစွာနဲ့ သားလေးတွေ သမီးလေးတွေကိုပြောချင်ပါတယ်” လို့ သဘင်မင်းသားကြီး ဦးချမ်းသာက ပြောပြပါတယ်။

သဘင်မင်းသားကြီး ဦးချမ်းသာက အခုအချိန်အထိ ဇာတ် ခုံစင်မြင့်ပေါ်မှာလူငယ်တွေနဲ့တန်းတူ ကပြနိုင်သေးတဲ့ မင်းသားကြီးတစ်ဦးပါ။ သူဟာ ပရိသတ်တွေအတွက် ဇာတ်သဘင်နဲ့ပတ်သက်လို့ အမြဲမပြတ်ဆန်းသစ်မှုတွေ ကြံဆနေတတ်သူတစ်ဦးဖြစ်ပြီး ပြဇာတ်၊ အော်ပရာ၊ နောက်ပိုင်းဇာတ်တော် ကြီးတွေကိုလည်း အနုပညာရသ မြောက်စွာ တင်ဆက်ကပြနေသူတစ်ဦးပါ။ ဒါကြောင့် လည်း ဦးချမ်းသာရဲ့ ပရိသတ်တွေက အခုအချိန်အထိ သူ့ကိုတသသဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဦးချမ်းသာ ကလည်း သူ့ရဲ့ပရိသတ်တွေအတွက် အခုလို ပြောပြလာ တာက-

”ဦးချမ်းပရိသတ်ကတော့ အသက် ၆ဝ အရွယ် လူကြီးတွေများ ဖြစ်နေမလားမသိဘူး။ ဒီနေ့ မြန်မာနိုင်ငံ မှာ ဦးချမ်းသာကို ချစ်ကြတဲ့ လူကြီး လူငယ်မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ ချစ်သူမုန်းသူ ပရိသတ်များအတွက် ဦးချမ်းသာ ဒီနေ့ရောက်ရှိနေတဲ့ အသက်ထိအောင်သဘင် ကိုခင်တွယ်စွာနဲ့ ဦးချမ်းလာပြီဆိုရင် အဆန်းတွေပါ လာရမယ်၊ အနှစ်သာရတွေ ပါလာရမယ်။ အဲဒါတွေကို အားလုံးသယ်ဆောင်ပြီးတော့ လာခဲ့ပါ့မယ်” လို့ ပြောပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here