သမ္မတဒေါ်နယ်လ်ထရမ့်နဲ့ အမျိုးတော်တော့မယ့် မော်ဒယ်လ် Karlic Kloss

0
242
CFF

အမေရိကန်မော်ဒယ်လ် Karlic Kloss နဲ့သူ့ချစ်သူ Josha Kushner တို့ရဲ့ စေစပ်သတင်းက ပရိသတ်တွေ ကြားမှာ လူပြောသူပြောများနေပါတယ်။ Josha က အနုပညာနယ်ပယ်က မဟုတ်ဘဲ အမေရိကန် စီးပွားရေး သမားတစ်ယောက်အဖြစ် အောင်မြင်နေတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

စေ့စပ်ကြောင်း လမ်းသတင်းကို လူတွေ စိတ်ဝင်စားရတဲ့အချက်က Josha ရဲ့ အစ်ကိုဖြစ်တဲ့ Jared Kushner ဆိုတာ လက်ရှိအမေရိကန် သမ္မတဒေါ်နယ်လ်ထရန့်ရဲ့ အစိုးရအဖွဲ့ မှာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒေါ်နယ်လ်ထရန့်ရဲ့သမီး ဖြစ်သူ Ivanka Trump ရဲ့  ခင်ပွန်းဖြစ်ပြီး သားသမီး ၃ ယောက်ထွန်းကား ထားကြပါတယ်။

အခုလိုမျိုးKarlic Kloss နဲ့ Josha Kushner တို့ စေစပ်ကြောင်းလမ်းပြီး လို့ လက်ထပ်လိုက်ကြပြီဆိုရင် Kloss နဲ့ သမ္မတကြီး ထရမ့်တို့ဆွေမျိုးတွေ တော်စပ်ကြရတော့မှာပါ။ Ivanka နဲ့လည်း လင်ညီအစ်မတွေ ဖြစ်ကြဦးမှာမို့ ပရိသတ်တွေအတွက် စောင့်ကြည့်စရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေကြောင်းပါ။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here