ရုပ်ရှင်ဇာတ်ကားတွေ အွန်လိုင်းမှာ ပြသခံရခြင်းအပေါ် ပရိသတ်တို့ရဲ့အမြင်

0
101

အောင်မြင့်မြတ်

အခုလိုမျိုး online မှာ ပျံ့သွားတော့ ပရိုဂျူဆာတွေဘက်က အကုန်အကျခံထားတာ အလကားဖြစ်ကုန်တယ်။ ရုံကိုသွားကြည့်ဖို့ အခက်အခဲရှိတဲ့သူတွေအတွက် online မှာ ကြည့်ရတော့ ပိုပြီးအဆင်ပြေတယ်။ တချို့ဆို Download လုပ်ပြီး ကြည့်တာမဟုတ်ဘူး။ Zapya တို့နဲ့ တစ်ယောက်ဖုန်းကနေ တစ်ယောက်ကူးပြီး ကြည့်ကြတာ။ ဒီလိုမျိုး ပျံ့နှံ့ကုန်တော့ ထုတ်လုပ်သူတွေဘက်က ရှုံးတာပေါ့။ တချို့တွေကလည်း အလကားကြည့်ရတာ ပိုသဘောကျကြတယ်။

ပြည့်ဖြိုးမောင်

ရုပ်ရှင်ရုံထဲ ဝင်တဲ့သူတွေကို စည်းကမ်းတင်းကျပ်သင့်တယ်။ ရုပ်ရှင်ရုံထဲမှာ ခိုးရိုက်ကူးနေတဲ့သူတွေကိုလည်း တွေ့ဖူးတယ်။ ဘယ် ကနေ ဘယ်လိုပျံ့သွားကြလဲမသိဘူး။ ထုတ်လုပ်သူဘက်နေ ရုပ်ရှင်ရုံဘက်ကို လွှဲလိုက်တဲ့အခါ ပျံ့သွားတယ်လို့ထင်တယ်။ ထုတ်လုပ်သူတွေ ဘက်ကိုတော့ သနားမိတယ်။

စီစီဝင်း

မကောင်းဘူးလို့တော့ထင်တယ်။ ငွေကြေးအကုန်အကျခံပြီး ရိုက်ကူးထားတာဆိုတော့ သူတို့ဘက်မှာ နစ်နာမှုတွေ အများကြီးရှိတယ်။ ညီမကို Zapya နဲ့ ကူးပေးတာတောင် ညီမမကူးဘူး။ ဘယ်လိုပေါက်သွားလဲဆိုတာတော့ သိချင်တယ်။

နီလာဝင်း

အခုလိုမျိုး ပျံ့သွားတာက လူမှုရေးဖောက်ဖျက်တာလို့ထင်တယ်။ မလုပ်သင့်ဘူးလို့လည်းထင်တယ်။ တချို့သူတွေကတော့ အခုလို မျိုး ပျံ့သွားလို့ပျော်ကြတယ်။ ညီမကတော့ စိတ်မကောင်းဘူး။ မကောင်းဘူးလို့တော့ ထင်တာပဲ။ ဘာလို့လဲဆိုရင် online မှာ အဲဒီ ဇာတ်ကားပျံ့သွားတာသိတယ်။ မကူးထားဘူး။ ငွေကြေးအကုန်အကျခံပြီး ရိုက်ကူးထားတာဆိုတော့ သူတို့ဘက်ကလည်း နစ်နာမှုတွေ အများကြီးရှိတယ်။ ကူးပေးတာတောင် မကူးထားဘူး။ ဘယ်လို ပေါက်သွားတာလဲဆိုတာတော့ သိချင်တယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here