ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုချစ်ရင် ဇာတိမြေရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ရုံမှာ ကြည့်ပေးစေလို

0
198

မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံပူးပေါင်း ရိုက်ကူးတဲ့ My Country My Home (ဇာတိမြေ) ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး JCGVရုပ်ရှင်ရုံတွေမှာ ပြသနေပြီ ဖြစ်ပါတယ်။ ဇာတိမြေရုပ်ရှင်ဇာတ် ကားကိုတော့ မိုးမြန်မာဗီဒီယိုရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါ ရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူး ထားပါတယ်။ သရုပ်ဆောင်တွေက တော့ ရန်အောင်၊ အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်နဲ့ မိုရိစခိဝင်းတို့က ပါဝင်သရုပ်ဆောင်ထား ကြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကတော့ ဂျပန် နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ရိုက်ကူး ထားတဲ့ဇာတ်ကားဖြစ်ပြီး နှစ်နိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေကိုလည်း မြင်တွေ့ ရမှာဖြစ်ပြီး အခြေအနေ အကြောင်း ကြောင်းကြောင့် အမိနိုင်ငံကို ခွဲခွာခဲ့ရပေမယ့် ကိုယ့်နိုင်ငံကိုချစ်တဲ့ စိတ်နဲ့ မွေးရပ်မြေကို ပြန်ချင်တဲ့စိတ် ကတော့ လူတိုင်းမှာ ရှိတယ်ဆိုတဲ့ Message ကို ပေးထားတဲ့ ဇာတ် ကားပဲဖြစ်ပါတယ်။ ဇာတိမြေက ရုံမတင်ခင်မှာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ ရတဲ့အတွက်ကြောင့်လည်း ထုတ် လုပ်သူနဲ့ ဒါရိုက်တာသာမက ပါဝင် သရုပ်ဆောင်ထားကြတဲ့ သရုပ် ဆောင်တွေကပါ စိတ်ထိခိုက်ဝမ်း နည်းခဲ့ရပါတယ်။ ဒါ့အပြင်အွန်လိုင်း မှာ ပျံ့နှံ့ခဲ့တဲ့ Movie မှာ စာတန်း ထိုးထားတာတွေကလည်း လွဲမှားတဲ့ စာတန်းတွေ ထိုးထားတာရှိသလို စကား လုံးအသုံးအနှုန်းရိုင်းတာတွေ ကိုလည်း ထည့်သုံးထားတာ တွေ့ရတဲ့ အတွက်လည်း ဇာတိမြေကို ဖန်တီး ထုတ်လုပ်သူတို့အနေနဲ့ ပိုပြီးယူကျုံး မရဖြစ်ခဲ့ရပါတယ်။


“ကိုယ့်ရဲ့ နိုင်ငံအတွက် တန်ဖိုး ရှိတဲ့ အဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုကို ကျွန်မဖန်တီးနေတဲ့အချိန်မှာ အား လုံးဟာ ပေးထားတဲ့ ဇာတိမြေဆိုတဲ့ အတိုင်း အဓိပ္ပာယ်ကြီးကြီး ထားတတ် အောင် ကိုယ့်နိုင်ငံကို ချစ်တတ် အောင် ကိုယ့်ဒေသကို မြတ်နိုးအောင် အဲဒီစိတ်တွေနဲ့ ဒီရုပ်ရှင်ဇာတ်ကားကို ရွေးချယ်ရိုက်ကူးခဲ့တာပါ။ ကျွန်မ လူ တွေအားလုံးကို မမုန်းသလို လူတွေ အားလုံးကလည်း ကျွန်မကို မမုန်းဘူး လို့ ကျွန်မယုံကြည်ထားပါတယ်” လို့ မိုးမြန်မာဗီဒီယိုရုပ်ရှင်ထုတ်လုပ်ရေးမှ ဒေါ်နန်းမောက်လောဝ်ဆိုင်က ပြောပါတယ်။


“ဒီဇာတ်ကားက နှစ်နိုင်ငံချစ် ကြည်ရေးကို ဖော်ကျုးတဲ့ဇာတ်ကား လည်းဖြစ်တယ်။ ပြီးတော့ မျိုးချစ်စိတ် ကို ဖော်ကျုးတဲ့ဇာတ်ကားလည်း ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တယ်၊ ကိုယ့်နိုင်ငံ က အနုပညာရှင်တွေကို တန်ဖိုးထား တယ်ဆိုရင် တရားဝင်ပြသနေတဲ့ရုံ တွေမှာပဲ ကြည့်ပေးပါ အားပေးပေး ပါလို့ ပြောချင်ပါတယ်”လို့ ဇာတိမြေ မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝတ်မှုံ ရွှေရည်ကလည်း ပြောပါတယ်။ ဇာ တိမြေ ရုပ်ရှင်ဇာတ်ကားမှာ ဂျပန် နိုင်ငံဖွား မြန်မာလူမျိုး အဆိုတော် သရုပ်ဆောင် မိုရိစခိဝင်းလည်း ပါ ဝင်သရုပ်ဆောင်ထားတဲ့အတွက် ပရိ သတ်တွေအနေနဲ့ အဝင်းရဲ့ သရုပ် ဆောင်မှုတွေကို လည်း မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here