အေဂျင်စီအသစ်နဲ့ လက်တွဲလိုက်တဲ့ Taecyeon

0
154

ဇူလိုင် ၂၅ ရက်နေ့က 51K အေဂျင်စီက 2PM အဖွဲ့ဝင် Taecyeon နဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ကို တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

“ကျွန်တော်တို့က 51K ကပါ။ ကျွန်တော်တို့အေဂျင်စီမှာ ရုပ်ရှင် သရုပ်ဆောင် Taecyeon က မိသားစုဝင်အသစ်အဖြစ် ရောက်ရှိ လာပါပြီ။ Taecyeon နဲ့ တွဲဖက်လုပ်ကိုင်ရမှာဖြစ်လို့ ဝမ်းသာမိပါ တယ်။ Taecyeon ဟာအဆိုပိုင်းမှာ သာမက သရုပ်ဆောင်ပိုင်းမှာ လည်း အရည်အချင်းရှိတဲ့လူငယ်တစ်ဦးပါ။ ကျွန်တော်တို့ဟာ မင်းသားရဲ့ အဆိုပိုင်းကိုရောသရုပ်ဆောင်ပိုင်းမှာပါ အစွမ်းကုန် ထောက်ပံ့ သွားမှာပါ။Taecyeon ဟာ 2PM ရဲ့ လှုပ်ရှားမှုများမှာ ဆက်လက်ပါဝင် သွားမှာပါ။ 51K ကိုစတင်တည် ထောင်စဉ်က သရုပ်ဆောင် အေဂျင်စီအဖြစ်စတင်ခဲ့ပြီး ယခုတော့ ကဏ္ဍပေါင်းစုံကို လုပ်ကိုင်လျက်ရှိပါတယ်။

Taecyeon ဟာအခုစစ်မှုထမ်းနေပြီး ပြန်လာရင် 51K နဲ့ အနုပညာလှုပ် ရှားမှု တွေ စတင်တော့မှာပါ။ သူဟာ အေဂျင်စီအဟောင်းဖြစ်တဲ့ 2PM နဲ့လည်း ဆက်လက်တွဲဖက်လုပ်ကိုင် ဦးမှာပါ” လို့ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here