တင်ဆက်မှုအသစ်တွေနဲ့ဇာတ် သဘင်ရာသီကိုဖွင့်မယ့်ဟန်ဇာမိုးဝင်း

0
345

ဟန်ဇာမိုးဝင်းတို့ စံပြသဘင်အနေနဲ့ အခုနှစ်သဘင်ရာသီမှာတော့ အသစ်အသစ်သော တင်ဆက်မှုတွေကို ပရိသတ်တွေ မြင်တွေ့ရမှာပါ။ ဟန်ဇာမိုးဝင်းက တစ်ယောက်တည်းအနေနဲ့ တင်ဆက်ရမယ့်အပိုင်းတွေကို အရင်နှစ်များနဲ့အတူ စီစဉ်ထားပြီး အကြိမ်ကြိမ်လည်း ဇာတ်တိုက်နေကြ ပါတယ်။

အစ်မဖြစ်သူ တင်ဇာမိုးဝင်းနဲ့ ညီဖြစ်သူ အဂ္ဂါမိုးဝင်းတို့ မကပြ ဖြစ်တော့ဘူးဆိုပေမယ့်လည်း ပွဲကြီးကျရင်တော့ မောင်နှမတွေ အတူတူ ပြန်ကကြမှာပါလို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။

“မိသားစုရဲ့ စီးပွားရေးရော လူမှုရေးအတွက်ရော အကုန် လုံးအတွက် စံပြသဘင်မှာ ကျွန်တော့်အနေနဲ့ ဆက်လက်ပြီး တာဝန်ထမ်း ဆောင်နေမှာပါ။ ကျွန်တော့်အဖေလည်းရှိသလို အဝေးရောက်နေတဲ့ ကျွန်တော့် ဦးလေးဦးမိုးမင်းလည်းရှိတယ်။ ကျွန်တော်တို့ စံပြသဘင်က သိပ်ညီညွတ်ပါတယ်။ အရေးကြီးလာရင် သွေးကလည်း တအားနီးပါ တယ်။ ငါ့အစ်မနဲ့ ငါ့ညီကလည်းမရှိဘူး။ ငါတစ်ယောက်တည်း ဘယ်လို ကပြရမလဲ ဆိုတဲ့စိတ်မျိုး အဲဒီလိုမျိုး ကျွန်တော့်စိတ်ထဲမှာ မရှိပါဘူး။ ပြီးတော့ အစ်မနဲ့ ညီလေးလည်း ပြန်လာမှာပါ။ ဇာတ်ခုံတွေ့ရင်တော့ ပြန်ကကြမှာပါပဲ။ ပွဲကြီးတွေကျရင် ပြန်ရောက်လာမှာပါပဲ” လို့ ဟန်ဇာ မိုးဝင်းက ပြောပါတယ်။ စံပြသဘင်အနေနဲ့ ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ငာန်းဇွန်မြို့ ရှင်ပင်မိုး ကောင်းဘုရားပွဲတော်တွေမှာ ကပြသွားမှာဖြစ်ပာတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here