One Lady Show နဲ့ အနုပညာ မှတ်တိုင်သစ် စိုက်ထူမယ့် နီနီခင်ဇော်

0
86

ni-ni-khin-zaw“လာမယ့် ၂ဝ၁၇ ခုနှစ်ရဲ့ဇန်နဝါရီလထဲမှာ နီနီ့ ရဲ့ တစ်ကိုယ်တော်ရှိုး အတွက် အခုချိန်ကတည်း ကစပြီးပြင် ဆင်နေပါပြီ” လို့ဆိုတဲ့ အဆိုတော် နီနီခင်ဇော်ကို သူမရဲ့ One Lady Show  အတွက် ဘာတွေပြင်ဆင်နေ ပြီလဲ ဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ်။

“အဓိက ကတော့ သီချင်း ရွေးချယ်မှုပေါ့နော်။ တေးသီချင်း ရွေးချယ် မှုမှာ ပရိသတ် ကြိုက်တဲ့ သီချင်းလေးတွေရယ်၊ နီနီ ဆိုချင်တဲ့ သီချင်းလေး တွေရယ်၊ နီနီတို့ လုပ်ချင်တဲ့ Arrangement တွေ အားလုံးကို အခုမှစပြီး ပြင်ဆင်ထား တာတော့ မဟုတ်ပါဘူး။ နီနီပြင်ဆင် ထားတာ တော့ကြာပါပြီ။ ၂ နာရီခွဲလောက် အတွင်းမှာ ပရိသတ်ကို ဘယ်လို ပျော်ရွှင်အောင်ဖျော် ဖြေကြမလဲ ဆိုတာ နီနီ အသေး စိတ်တွေ စီစဉ်နေပါပြီ။ ပွဲလုပ်မယ့် နေရာကို လည်း လူငယ်၊ လူကြီး ပရိသတ်တွေ သွားရ လာရတာလည်း အဆင်ပြေ အောင်၊ နီနီတို့ Perform လုပ်ရတာလည်း အဆင်ပြေအောင် confirm  တော့ မဖြစ်သေးဘူး။ လောလောဆယ် ကတော့ နီနီ တို့ပြည်သူ့ ရင်ပြင် ကို ရွေး ချယ်ထားပါတယ်” လို့နီနီခင်ဇော်က ပြောပါတယ်။

Cosmetics အတွက်ရော၊ ဂီတအတွက်ရော လှုပ်ရှားနေရတဲ့ လက်ရှိ နီနီခင်ဇော်ရဲ့ Life ကိုကောကျေနပ် အားရမှုရှိပြီလားလို့ ဆိုတဲ့ အခါ “အခုကတော့ ဟိုပြေးဒီပြေး နဲ့ပေါ့နော်။ Super Red ကိုနီနီ ကိုယ် တိုင်ဖော်မြူလာ ကစပြီး ဆန်းစစ်တာ ဆိုတော့ ဒီဘက်ကလည်း တစ်ဖက် ဖြစ်သွားတယ်။ ပြီးတော့ ရှိုးအတွက် စီစဉ်တာကလည်း တစ်ဖက်၊ သီချင်း လိုက်ဆိုတာက တစ်ဖက်ပေါ့နော်။ ပျော်ပါတယ်။ ဘာ ပဲပြောပြော ပရိသတ် အတွက် အကုန်လုံး လုပ်နေရတာဖြစ်တဲ့ အတွက် ပျော်ပါတယ်။ တကယ်ကို ဘဝမှာ ပရိသတ်တွေရဲ့ အားတွေ၊ ပရိသတ်တွေ ရဲ့ လက်တွေ ကိုတွဲပြီးတော့ သွားရတာ က နီနီ တစ်ယောက်တည်း လုပ်လို့ရတယ် ဆိုပေ မယ့် ပရိသတ်တွေရဲ့ ခွန် အားတွေကြောင့် နီနီသည် ဆယ်ယောက်စာ လောက် အလုပ်လုပ်နိုင်ပါတယ်။ ပိုပြီးတော့လည်း အား တွေ ပိုမိုရှိလာတယ်။ မနက်ဖြန် တိုင်းမှာ လည်း အမြဲတမ်း အသစ်တွေ ပေးချင်သလို ပရိသတ်တွေ ကလည်း နီနီပေးလိုက်တဲ့ အသစ်လေးတွေကို လက်ခံတယ်။ အားလုံး ပူးပေါင်း ပြီးတော့ ရှေ့ကိုလျှောက်ကြတဲ့ အတွက် ဘဝဟာ တကယ်ကို ပျော်စရာ ကောင်းပါတယ်” လို့ သူမ ကပြောပါတယ်။

သူမရဲ့ နှုတ်ခမ်းနီ အခြေအနေ ကိုလည်း ဆက်လက် မေးတဲ့အခါ Nude Colour တွေအားလုံး instock ပြတ်နေတဲ့အတွက် Pre Ordering အတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက် နေပြီှးSeries အသစ်တွေလည်း ထပ်ထွက်လာဖို့ ရှိ ကြောင်း သူမကပြောပြခဲ့ ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here