တိမ်တိုက်တံတား ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်တဲ့ မသန်စွမ်းကလေးငယ်ကို အနုပညာရှင်များက ဆုချီးမြှင့်

0
95

တိမ်တိုက်တံတား ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မသန် စွမ်းလေး မောင်ခွန်သာ (အမည်ရင်း – မောင်ဝေယံမျိုး)ကို ဇာတ်ကားအောင် မြင်မှု အလှူအဖြစ် 7 SENSE Film Production နဲ့ တိမ်တိုက်တံတား အဖွဲ့သားများက ဆုချီး မြှင့်ငွေကျပ် နှစ်သိန်းကို ဇူလိုင် ၂၅ ရက် နေ့ လယ်က လှိုင်သာယာမြို့နယ်ရှိ မောင်ခွန်သာရဲ့ နေအိမ်သို့ သွား ရောက်ပေးအပ်ခဲ့ပါတယ်။ တိမ်တိုက် တံတားမှ ကျောင်းဆရာလေး စိုင်း လုံအဖြစ် သရုပ်ဆောင်ထားတဲ့ ထွန်း ထွန်းနဲ့ ဒါရိုက်တာသြရသက ကိုယ် တိုင်ကိုယ်ကျ လိုက်ပါခဲ့ကြပါတယ်။ မောင်ဝေယံမျိုးက ၄ တန်းကျောင်း သားဖြစ်ပြီး အ.ထ.က ၈ လှိုင် သာယာမှာ ပညာသင်ကြားနေသူဖြစ် ပါတယ်။ မသန်စွမ်းကလေးငယ် ခွန်သာအဖြစ် သရုပ်ဆောင်ဖို့ မသန်စွမ်း ကလေးငယ်တစ်ဦးကို 7 SENSE Film Production က ခက်ခက်ခဲခဲ ရှာဖွေကာ သရုပ်ဆောင်စေခဲ့တာဖြစ် ပါတယ်။

”အရင်တုန်းက သရုပ် ဆောင်တွေကို အပြင်မှာ လက်တွေ့ တွေ့ဖူးတော့ တအားပျော်ပါတယ်။ သားက အရင်တုန်းက ဆရာဝန်လုပ် ရတာ ဝါသနာပါတယ်။ အခု ရုပ်ရှင် မင်းသားလုပ်ရတာကိုလည်း ဝါသနာ ပါတယ်။ သရုပ်ဆောင်လုပ်ရတာက တအား ပျော်ဖို့ကောင်းတယ်။ သူများ တွေ ပရိသတ်တွေကလည်း တအား ခင်တွယ်ကြတယ်။ သားသူငယ်ချင်း တွေကို ဇာတ်ကားရိုက်ထားတဲ့ အကြောင်းပြောတော့ သူတို့က မယုံ ဘူးလို့ ပြောတယ်။ အခွေထွက်လာမှ မင်းတို့ကြည့်ကြ။ အဲဒီကျမှ ယုံရင် ငါ့ကို ဘယ်သူမှ လာမဖားကြနဲ့ လို့ ပြောလိုက်တယ်။ သား သူများတွေ ပြောတာကို အားမငယ်ဘဲနဲ့ ကိုယ့် အားကိုယ်ကိုးပြီး ဆက်ကြိုးစားသွား မှာပါ။ ပရိသတ်တွေလည်း သားကို အားပေးကြပါဦး” လို့ ပြောပါတယ်။

မိခင်ဖြစ်သူ ဒေါ်နုနုလွင်ကလည်း ”သူ့ကိုယ်ဝန်ဆောင်တုန်းက သူ့ အဖေက ဆောက်လုပ်ရေးသမားဆို တော့ ပဲခူးရိုးမတောထဲမှာ အလုပ် သွားလုပ်ရတယ်။ မွေးခါနီးရက် ၂ဝ လောက် အလိုမှာ ကလေးက ကိုယ် လက်လှည့်တာ။ ကန့်လန့်ကြီးဖြစ်နေ တယ်။ ရန်ကုန်ပြန်လာပြီး လက် သည်နဲ့နှိပ်လိုက်တော့ ခြေထောက်လေး တွေ နှိပ်မိသွားတာ။ ခြေထောက်လေး ကပုပ်လာပြီး ပေါင်အထိရောက်လာ တယ်။ ဆေးရုံသွားပြတော့ ဆရာဝန်က ဖြတ်ပေးလိုက်တာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here