အောက်လမ်းပညာနဲ့ မကောင်းကြံတာခံခဲ့ရပေမယ့် ဘုရားတရားမမေ့ဘဲမေ တ္တာပြန်ထားခဲ့သူသရုပ် ဆောင်ဖွေးဖွေး

0
349

လူငယ်ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင်ဖွေးဖွေးကတော့ လက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ လူအများကိုဒုက္ခရောက်စေတဲ့ အောက်လမ်းပညာတစ်ခုကို နောက်ခံထားကာ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ သူမကအောက်လမ်းနဲ့ပြုစားခံရတဲ့သူတစ်ဦးအဖြစ် ပါဝင် ထားခြင်းလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူမရဲ့သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဖွေးဖွေးက . . .

“ဇာတ်ကားတစ်ကားလုံးမှာ အမှတ်ရဆုံးဇာတ်ဝင်ခန်းကတော့ ခြေ ထောက်မှာ လောက်ကောင်တွေတက်လာတဲ့အခန်းပဲ။ မိန်ကလေးဆိုတော့ ရိုက်ကွင်းမှာကြောက်နေရင်လည်း ဣနြေ္ဒရရနေရတာပေါ့။ ဒါပေမဲ့ လောက်ကို ခြေထောက်ပေါ်တင်လိုက်တဲ့အချိန်မှာ မရဘူးအော်ငို တာ။ လောက်တွေကလည်း ကြက်သေပုပ်ကနေ မွေးထားတာတဲ့။ ကိုယ် သေသွားလို့ရှိရင်လည်း လောက်ထွက်မယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဒီလိုအသက်ရှင်လျက်နဲ့ လောက်တက်ခံရလိမ့်မယ်လို့ ဘယ်တော့မှ မထင်ခဲ့ဘူး။ ကိုဝိုင်းက မထင်မှတ်ဘဲ လုပ်လိုက်တာပေါ့နော်။ ကိုယ်ကလည်း တအားလန့်သွားတယ်။ သူလိုချင်တဲ့ အိုက်တင် တွေတော့ ရသွားပါတယ်”လို့ ပြောပါတယ်။

သရဲ၊ တစ္ဆေ၊ အောက်လမ်းပညာတို့ကို အယုံအကြည် ရှိလားလို့ မေးမြန်းကြည့်တော့ . . .

“သရဲကို ကြောက်တော့ကြောက်တတ်တယ်။ ဒါပေမဲ့ အများကြီး တော့ မကြောက်တတ်ပါဘူး။ အပြင်မှာလည်း အောက်လမ်းပညာတွေက ကိုယ်ကမယုံချင်ရင်လည်း မရှိဘူးလို့တော့ ပြောလို့မရဘူးလေ။ ဒါပေမဲ့ အောက် လမ်းပညာနဲ့လုပ်တယ်ဆိုတာက ကိုယ့်အတွက် ကောင်း တာထက် ခံရမှာကပိုများတယ်လေ။ အောက်လမ်းပညာကို ကိုယ်က ယုံကြည်တာတော့မဟုတ်ပေမယ့်ရှိတယ်ဆိုတာ ကိုတော့လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင် မှာလည်း အဲဒီလိုအောက်လမ်းပညာနဲ့အလုပ်ခံရတာတွေ မြင်ဖူးပါတယ်။ ဟိုတလောကဆိုရင် ဖွေးတို့အိမ်မှာလေ လူကြီးတစ်ယောက် မြေဆွေးတွေ၊ ရွှေဖရုံသီးတွေလာထား သွားတာကို CCTV မှာ မြင်တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုလုပ်မှန်းမသိပေမယ့် ဒီလိုမျိုးဟာတွေက မရှိဘူး လို့တော့ ပြောလို့မရဘူးလေ။ အစကတော့ တအားလန့် သွာတယ်။ ဖွေးတို့ကတော့ ဘုရားတရားမမေ့ဘဲနဲ့ မေတ္တာပဲ ပြန် ထားလိုက်ပါတယ်။ ဘာမှတော့မဖြစ်ခဲ့ပါဘူး” လို့ ဖွေးဖွေးက ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here