ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်တစ်ခု ရောက်ရင် လက်တွဲမှာပါ ဖြိုးလေး

0
346

အရင်နှစ်တွေတုန်းက ချစ်သူဝါဆိုမိုးဦးရဲ့ မွေးနေ့တိုင်းမှာ Surpriseပြုလုပ်ပေးဖြစ်တဲ့ အဆိုတော် ဖြိုးလေးက ဒီနှစ်မွေးနေ့မှာသူတို့နှစ်ယောက် ရန်ဖြစ်ထားတဲ့အတွက်Surpriseမလုပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်းမွေးနေ့ လက်ဆောင်အဖြစ် လွန်ခဲ့တဲ့ ၃လကတည်းကဖိနပ်လက် ဆောင်ပေးဖြစ်ခဲ့တဲ့ ဖြိုးလေးက…

”လွန်ခဲ့တဲ့ ၃လကတည်းက လက် ဆောင် ကြိုပေးပြီးသားပါ။ Surpriseက မွေးနေ့မှမဟုတ်ပါဘူး။ သူ့ကိုလည်း ပြောပါတယ်။ သူက တော့ ငယ်သေး တော့ လိုချင်တာပေါ့။ ရည်းစားလည်း ဖြစ်တော့လေ။ အဓိကက တစ်ယောက်နဲ့ တစ်ယောက်ချစ်နေဖို့၊ သံယောဇဉ်ဖြစ်နေဖို့ပဲ အရေးကြီးပါတယ်” လို့ ဆိုပါ တယ်။ ချစ်သူနှစ်ဦးကြားမှာ ဘာမှမဟုတ်တဲ့ အကြောင်းအရာ၊ အသေးအဖွဲလေး တွေနဲ့ပဲ ရန်ဖြစ်တတ်တယ်ဆိုတဲ့ ဖြိုးလေးက…

”ကျွန်တော်က ဒီရက်ပိုင်းအ လုပ်တအားရှုပ်တယ်။ အလိုမကျ တာတွေ များနေတယ်။ သူ့အပေါ် စိတ်တအား မရှည်ထားမိလိုက်ဘူး။ အဲဒီကနေ ပြဿနာဖြစ်ကြတာပဲ။ တတ်နိုင်သလောက်တော့ ညှိထား တာပဲ။ ကျွန်တော် လည်း အများကြီး ပြင်ရဦးမယ်။ ကျွန်တော်က သူ့ထက် အသက်ကြီး တယ်ဆို ပေမယ့်လည်း အိမ်မှာ အငယ်ဆုံးဆိုတော့ နည်း နည်းဆိုးတယ်” လို့ ဆိုပါ တယ်။

ချစ်သူနှစ်ဦးရဲ့ မင်္ဂလာပွဲကို ဘယ်အချိန် မြင်တွေ့ရမလဲဆိုတာကို တော့ ဖြိုးလေးက…

”ကျွန်တော်ကတော့ အဆင်ပြေ တယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ကြတယ်။ ဒီ့ထက်ပိုပြီး ညှိနှိုင်းစရာတွေ မရှိတော့ဘူးဆိုရင်တော့ လက်တွဲဖို့ ကြိုးစားကြမှာပါ။ ကျွန်တော်လည်း ကျွန်တော့အလုပ် ကို ကြိုးစား၊ သူလည်း သူ့အလုပ် သူကြိုးစား။ ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်တစ်ခု ရောက်ရင် လက်တွဲ မှာပါ” လို့ ဆိုပါတယ်။ ချစ်သူနှစ်ဦးအတူလက်တွဲပြီး အနုပညာအလုပ် တွေပဲ ဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ် အတူ လုပ်ဆောင်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်၊


LEAVE A REPLY

Please enter your comment!
Please enter your name here