သဘင် အနုပညာရှင် များရဲ့ သားသမီးများထဲမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သူ ၃၇ ဦးကို သဘင်မှ ဂုဏ်ပြုချီးမြှင့်

0
207

မြန်မာနိုင်ငံသဘင်အစည်း အရုံး (ဗဟို)၊ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးနှင့် သဘင်လူမှုကူညီစောင့် ရှောက်ရေးကော်မတီတို့မှ ဦးဆောင်ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းအောင် သဘင်အနုပညာရှင်များရဲ့ ထူးချွန်သား သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ တက္ကသိုလ်ဝင် တန်း ရိုးရိုးအောင် တစ်ဦးလျှင် ငွေ ၅ဝဝဝဝ ကျပ်နှင့် ဂုဏ်ထူးရှင်များအား ငွေ ၅ဝဝဝဝ ကျပ်နှင့်အတူ တစ်ဘာသာလျှင် ငွေ၂ဝဝဝဝ ကျပ် ထောက်ပံ့ကူညီ ဂုဏ်ပြုခဲ့ပါတယ်။

အခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ သဘင် အနုပညာရှင်များရဲ့ သားသမီးများထဲမှ ဂုဏ်ထူးရှင်များ ၅ဘာသာ ၁ ဦး၊၄ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ တစ်ဘာ သာဂုဏ်ထူးရှင် ၈ ဦးနှင့် ရိုးရိုးအောင် ၂၇ ဦး၊ စုစု ပေါင်း ထူးချွန်သူ ၃၇ ဦး ထွက်ပေါ်ခဲ့ပြီး အဆိုပါ ၃၇ ဦးစလုံးကို ဂုဏ်ပြုချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ နိုင်ငံသဘင်အစည်း အရုံး(ဗဟို)အနေနဲ့ ကျောင်းဖွင့်ရာ သီရောက်ရှိပြီဆိုတာနဲ့ သဘင်အနုပညာရှင်များရဲ့ သား သမီးများအတွက် ကျောင်းသုံးပစ္စည်းများကို လှူဒါန်းပေး လေ့ရှိပြီး တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်သူ များကိုလည်း နှစ်စဉ်တိုင်းမှာ ချီးမြှင်ပေ့းလေ့ရှိပါတယ်။ ဒါကလည်း သဘင်အစည်းအရုံး (ဗဟို)အနေနဲ့ သဘင် အနုပညာရှင်များရဲ့ ပညာရေးကိုအထူးဂရုစိုက်ပြီး ကူညီ ထောက်ပံ့ပေးလျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here