အဆိုတော် Ar.T ကို ပုံစံပြောင်းပေးမယ့် DJ Wine

0
280

တစ်ယောက်က သီချင်းဆိုတယ်။ တစ်ယောက်က Music ကို Produce လုပ်တယ်ပေါ့။ Ar.Tနဲ့ DJ Wineတို့ သူငယ်ချင်းနှစ်ယောက်က တတွဲတွဲပါ။ အခုလည်း DJ Wineက အဆိုတော် Ar.Tရဲ့ နောက်ထပ်ထွက်ရှိမယ့် သီချင်းတွေမှာ ပုံစံပြောင်းပေးဖို့ရှိနေပါတယ်။

”Ar.Tကို ကျွန်တာ် ပုံစံပြောင်းတီးပေးဖို့ရှိတယ်။ ခါတိုင်းတီးနေကျပုံစံ တွေက နည်းနည်းရိုးနေပြီ။ အဲဒီတော့ ထုံးစံအတိုင်းပဲ EDM မဟုတ်တော့ဘဲ တခြားပုံစံမျိုးပေါ့။May be Jazz ဖြစ်ချင်ဖြစ်မယ်။ တခြား Acoustics ကို Piano Only ဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ အဲဒီလိုဟာ မျိုးကိုပြောင်းပြီးတော့ ကျွန်တော်သူ့ကို ပုံစံတစ်မျိုးအနေနဲ့ တင်ဆက်ပေးချင်တယ်” လို့ DJ Wineက ပြောပါတယ်။ DJ Wineရဲ့ လှုပ်ရှားမှုတွေကတော့ တောက်လျှောက်ပါပဲ။ အဲဒီအထဲကမှ ထူးထူးခြားခြားအနေနဲ့ ထွက်ရှိမယ့် သူ့ရဲ့သီချင်းခွေတွေအကြောင်းကို DJWineနဲ့ မေးမြန်းဖြစ်ခဲ့တုန်းက –

”NUAC ပွဲမှာ တီးခတ်ထားတဲ့ သီချင်း၂ပုဒ်ရှိတယ်ပေါ့။ အဲဒီ ၂ပုဒ်ရယ်၊ နောက် ၂ပုဒ်၊ ၃ပုဒ်လောက်ပေါင်းပြီး ကျွန်တော် EP ထုတ်မယ်။Mini Album လေးအဖြစ်ပေါ့။ Non EDMပါ။ EDMလုံးဝမဟုတ်ဘူး။ DJတစ် ယောက်ကထုတ်တဲ့ Album က EDMလုံးဝမဟုတ်တဲ့ တကယ့် Orchestra တွေ၊ Acoustics ပုံစံမျိုးတွေ ဘက်သွားထားတယ်။ ဒါပြီးသွားရင် နောက်ထပ်အနေ နဲ့ FG Entertainment နဲ့ ကျွန်တော်က Native Chillဆိုတဲ့ဟာပေါ့။ သူက မြန်မာ့ဗုံတွေကို ပါကားရှင်းအနေနဲ့ ယူထားပြီးတော့ နိုင်ငံခြားတေးသွား Chill ဖြစ်တဲ့ ပုံစံမျိုး ပေါ့။ အဲဒီဟာကို ကျွန်တော်ထုတ်ဖို့အတွက် စီစဉ်ပြီးသွားပြီခင်ဗျ။ ၂ဝ၁၈ ခုနှစ်မတိုင်ခင်အတွင်း ထုတ်ဖို့စီစဉ် ထားပါတယ်” လို့ DJWineက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here