ပရိသတ်ကို Surprise လုပ်တဲ့အနေနဲ့ ထွက်ရှိမယ့် Ar.T ရဲ့ Music Video

0
152

Ar.T ရဲ့’Fat House’ Music Videoခွေထွက်ရှိတော့မယ်။ အခွေထွက်ရှိမယ့်ရက်ကို ကြေညာမထားပါဘူး။ Surprise လုပ်တဲ့အနေနဲ့ ထွက်ရှိမှာပါလို့ သူက ပြောတယ်။ Music Videoတွေကို အမိုက်စား ရိုက်ကူးပြနေတဲ့ FG Entertainment က ရိုက်ကူးထားတာဆိုတော့ Ar.T ရဲ့ Music Videoခွေက မိုက်၊ မမိုက်က စဉ်းစားနေစရာမလိုဘူး။ ပြီးတော့ ရိုက်ကူးထားတာ ကလည်း ညောင်ဦးဖီးကျွန်းမှာပါတဲ့။

”ကျွန်တော့်စီးရီးခွေထဲမှာ ပါတဲ့သူတွေကတော့ အောင်ရဲလင်း ပါတယ်။ ဝတ်မှုံရွှေရည်၊ ဖွေးဖွေး၊ အလင်းရောင်၊ မေတိုးခိုင်၊ ထူးအောင်၊ နေခြည်ဦး၊ Bella တို့ ပါတယ်။ နောက်ပြီး မော်ဒယ်တွေ အများကြီးပါသေးတယ်။ ရိုက်ကူးထားတာကတော့ ၁၅ ပုဒ်။ နောက်ပြီး Location တွေလည်းအများကြီးပဲ။ ရန်ကုန်မှာရော၊ ညောင်ဦးဖီးကျွန်းမှာရောပေါ့။ ဒါရိုက်တာကတော့ တစ်ယောက်တည်းပဲ။ FG က ဒါရိုက်တာတစ်ယောက်နဲ့ ရိုက်ကူးထားတာပါ” လို့ Ar.T က ပြောပါတယ်။ Music Videoခွေမထွက်ရှိခင် အွန်လိုင်းမှာ တင်ဖို့ရှိ၊ မရှိနဲ့ အခွေ ထွက်ဖို့ ရက်တို့၊ ပရိုမိုးရှင်းပြုလုပ်မှာတို့ စီစဉ်ထားပြီးပြီလားလို့ Ar.T ကို မေးကြည့်တော့ –

”ရှေ့မှာကတော့ ‘ချစ်နေဖို့’ ကို တင်ထားတယ်။ အခုလောလောဆယ်တော့ တင်ဖို့မရှိဘူးဗျ။ အခွေထဲမှာပဲ တစ်ခါတည်း ထွက်ရှိဖို့လုပ်နေတယ်ဗျ။ အခွေပရိုမိုးရှင်းတွေလည်း မလုပ်ဖြစ်လောက် ဘူးဗျ။ အခွေ ဘယ်နေ့၊ ဘယ်ရက်ထွက် မယ်ဆိုတာတောင် မပြောထားဘူး။ ဒီအတိုင်း Surprise လုပ်တဲ့သဘောမျိုးလေးနဲ့ပဲ ထွက် လိုက်မှာပါ” လို့ Ar.T က ပြောပါတယ်။ Ar.T ကတော့ သူ့ရဲ့ Music Videoကို တော်တော်လေး အားခဲထားပုံရပါတယ်။

”ကျွန်တော့် Music Videoအခွေတော့ ကျွန်တော့်ရှိသမျှအားတွေ အကုန်ထည့် ရိုက်ကူးထားတာပေါ့ နော်။ FG ကလည်း ကျွန်တော့်ကို အများကြီး ပံ့ပိုးပေးထားပါတယ်။ Quality တစ်ခုခု ထွက်ရှိလာမယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ မြင်နေကျပုံစံမျိုး၊ မြင်နေကျ Location မျိုးမဟုတ်တဲ့နေရာမျိုးမှာ ရိုက်ကူးထားတဲ့အတွက်ကြောင့်မို့လို့ အခွေထွက်ရင်အားပေးကြပါဦး” လို့ Ar.T က သူ့ရဲ့ MusicVideoခွေအပေါ် မျှော်လင့်ယုံကြည်ထားပုံတွေ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here