မီးထိုး မှန်ထိုး ဘဝကနေ တက်လာသူဖြစ်တဲ့အတွက် လက်ရှိ အနေအထားကို ကျေနပ်တယ် သရုပ်ဆောင် နေနော်

0
278

သရုပ်ဆောင်နေနော်ကတော့ လတ်တလောမှာ ဒါရိုက်တာအောင် ဇော်လင်းရိက်ကူးတဲ့ ‘အချစ်ဆုံး’ ရုပ်ရှင်ဇာတ်ကား မှာ မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ အိချောပို၊ မေမြင့်မိုရ်စတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ သင်ဇာဝင့်ကျော်ရဲ့ အစ်ကိုအဖြစ် ပါဝင်သရုပ်ဆောင်ရမယ့် နေနော်က –

”ဒီရုပ်ရှင်ဇာတ်ကားကို ပါဝင်ရိုက်ကူးဖို့ ပရိုဂျူဆာနဲ့ ရှုတင်မန်နေဂျာက လှမ်းချိတ်တော့ ကိုယ်ပါဝင် ရမယ့် နေရာလေး က ကောင်းတာနဲ့ လက်ခံဖြစ်ခဲ့တာပါ။ မသင်ဇာဝင့်ကျော်ရဲ့ အစ်ကိုနေရာကနေ သရုပ်ဆောင်ရမှာပါ။ ညီမကို ချစ်တဲ့စိတ်နဲ့ ကိုမြင့်မြတ်ကို အကန်လေးတွေ ပြောတာပါတယ်။ ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီး အဝတ်အစားတွေတော့ ပြင်ဆင်ထားပါပြီ။ ကိုမြင့်မြတ်နဲ့လည်း ရင်းနှီးပြီးသားဆိုတော့ အဆင် ပြေမှာပါ။ သရုပ်ဆောင် တစ်ယောက် ဆိုတာကတော့ ကျရာဇာရုပ်ကို သရုပ်ဆောင်နိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒရာမာဘက်ကို ပိုပြီးတော့ အားသန်ပါတယ်။ ကျွန်တော် ဗီဒီယိုဇာတ်ကား တော်တော်များများ ပါဝင်ရိုက်ကူးခဲ့ပြီးပါပြီ။ ကာရိုက်တာပိုင်းလည်း တော် တော်စုံနေပြီ။ ဗီဒီယို ဇာတ်ကားတစ် ကားဖြန့်ချိပြီးရင် ကိုယ့်အမှားတွေကို ကြည့်ရှုပြီးတော့ ပြန်လည်ပြင်ဆင်လိုက်တဲ့အခါ ရုပ်ရှင် ဇာတ်ကားတွေ ပါဝင်ရိုက်ကူးတဲ့အခါ အများကြီး အထောက်အကူဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားမှာတော့ အမှားပါရင်လည်း အသစ်ဆိုပြီး ခွင့်လွှတ်ပေးလို့ရတယ်။ ရုပ်ရှင်ဇာတ်ကားကကျတော့ သေချာလေး အမှား မရှိအောင် လုပ်ဆောင်ရတယ်” လို့ ပြောပါတယ်။

လက်ရှိရောက်ရှိနေတဲ့ အနေအထားကို ကျေနပ်ပါတယ်လို့ ပြောလာတဲ့ နေနော်က . . . .

”ကျွန်တော်က မီးထိုး၊ မှန်ထိုးဘဝကနေ တက်လှမ်းလာသူဖြစ်တဲ့အတွက် လက်ရှိအနေအထားကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ဒီ့ထက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်က အနုပညာကို တအားဝါသနာပါတယ်။ ရူးလည်း ရူးသွပ်တယ်။ အဲဒါကြောင့်လည်း အမေရော အကုန်လုံးကို စွန့်လွှတ်ပြီး တော့ ဒီသရုပ်ဆောင်လောကထဲကိုလာခဲ့တာပါ။ ကြိုးစားနေဆဲကာလမှာ အခက်အခဲရှိလားဆိုရင် အခက်အခဲ ကတော့ လူတိုင်းမှာရှိပါတယ်။ ကျွန်တော်ဆို ငယ်ငယ်ဘဝက တအားကြမ်းတမ်းတာ။ ဒါပေမဲ့ ကြမ်းတမ်းတဲ့ဘဝ ကို ကျွန်တော် အကောင်းဆုံးဖြတ်ကျော်ခဲ့တယ်။ တစ်ခါတလေ စိတ်ဓာတ်ကျနေတဲ့အချိန်တွေဆိုရင် ကိုယ့်ကိုယ် ကိုယ် မကောင်းတာတွေတောင် ကြံစည်ဖူးတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကို ကိုယ်အကောင်းဆုံးပြန်ဖြေပြီးတော့ အကောင်း ဆုံးကြိုးစားခဲ့တယ်” လို့လည်း သရုပ်ဆောင်နေနော်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here