ဥပါယ်တံမျဉ်ဇာတ်ကား အွန်လိုင်းပေါ် ပြန့်နှံ့မှုကို CID က ကိုင်တွယ်စစ်ဆေး နေတယ် ဒါရိုက်တာ ခရစ္စတီးနားခီ

0
165

ဒါရိုက်တာ ခရစ္စတီးနားခီကတော့ လတ်တလောမှာ သူမရိုက်ကူးထားတဲ့ ဥပါယ် တံမျဉ် ရုပ်ရှင်ဇာတ်ကား အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားတဲ့အပေါ် ကျူးလွန်သူကိုအရေး ယူသွားမှာဖြစ်ပြီး ဒီကိစ္စကိုလည်း CIDက ကိုင်တွယ်စစ်ဆေးနေတယ်လို့ ဒါရိုက်တာ ခရစ္စတီးနား ခီက အခုလိုဆိုပါတယ်။

”အခု အွန်လိုင်းပေါ်ပျံ့နှံ့သွား တဲ့ အစ်မတို့ရဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို CID ကလည်း စစ်ဆေးနေပါတယ်။ ဒီလိုအွန်လိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ ပျံ့နှံ့နေတာဟာ တော်တော်တော့ မကောင်းတဲ့ အခြေအနေတစ်ခုဘက်ကို ရောက်သွားတယ်ပေါ့နော်။ အခုလည်း ဇာတိမြေရုပ်ရှင်ဇာတ်ကား အွန် လိုင်းပေါ်မှာ ပျံ့နှံ့လာတာကိုတွေ့ရပါတယ်။ ဇာတိမြေဇာတ်ကား ကတော့ အစ်မတို့နဲ့ မတူတာတစ်ခုကတော့ ဂျပန်ကနေဖြစ်သွား တာပေါ့။ အစ်မတို့ကျတော့လည်း ကိုယ့်နိုင်ငံထဲမှာဖြစ်သွားခဲ့ တာပေါ့နော်။ အစ်မတို့ဆီမှာက ဥပဒေကအားနည်းနေတယ်ဆိုပေ မယ့်လည်း အခုတော့အစ်မတို့ဖြစ်တဲ့ကိစ္စကနေကြည့်ပြီးတော့ ပြောရမယ် ဆိုရင် ဝိုင်းဝန်းလုပ်ပေးနေတဲ့သူတွေလည်းအများကြီးတွေ့ရတဲ့အခါကျတော့ ဒါလေးကတော့ မဆိုးဘူးပေါ့။ ချက်ချင်းလက်ငင်းကြီး ဖော် ထုတ်နိုင်ဖို့ဆိုတာ မလွယ်ဘူးဖြစ်နေတာပေါ့။ ဥပဒေတစ်ခုကို ဒီလိုချမှတ် လိုက်ပါဆိုပေမယ့်လည်း ဥပဒေတစ်ခုပြောင်းဖို့ဆိုတာ အဆင့်ဆင့်သွား ရတယ်။ အဲဒီအဆင့်ဆင့်ကို ဖြတ်ပြီးမှ တစ်ခါလက်တွေ့လုပ်ရမှာ။ လက် တွေ့လုပ်တဲ့အချိန်မှာတော့ Society က လက်ခံမလား။ ဒီဥပဒေကို ပြောင်းချင်ရဲ့လားဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ အစ်မတို့ဒီကိစ္စနဲ့ ပတ် သက်ပြီး ရဲစခန်းကိုသွားတိုင်တယ်။ ဒါပေမဲ့ ရဲစခန်းထက် ဒီကိစ္စကို CIDက ကိုင်တွယ်စစ်ဆေးနေတယ်ဆိုပြီး အစ်မတို့ဆီအကြောင်းကြားပြီးတော့ အစ်မတို့နဲ့အတူကိုင်တွယ်စစ်ဆေးနေပါတယ်။ အလုပ်လုပ်တယ်။ သူတို့ ဆီမှာရထားတဲ့ အချက်အလက်တွေရှိတယ်။ အစ်မတို့လည်း သူတို့ကိုပြသပြီး အကောင်းဆုံးလုပ်ကိုင်နေတာ သိရတဲ့အတွက် ဝမ်းသာမိပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here