Myanmar Idol Season 3 ရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန် ဝေဖန်ခံရမှုအပေါ် အစီအစဉ်တင်ဆက်သူကျော်ထက်အောင်ရဲ့အမြင်

0
209

အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်သလို သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်နေတဲ့ ကျော်ထက် အောင်ကတော့ လက်ရှိမှာရုံတင်ပြသလျက်ရှိတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ဇာတ်ကားမှာ အလင်းရောင်၊ ဖွေးဖွေး၊ ရတနာဗိုစတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ပါဝင်ရိုက်ကူးခဲ့စဉ်က ကိုယ့်ထက်အသက်အရွယ်ငယ်တဲ့ စီ နီယာသရုပ်ဆောင်သုံးဦးလုံးဆီကပညာတွေ သင်ယူခဲ့ရတယ်လို့ ပြောလာတဲ့ သရုပ်ဆောင် ကျော်ထက်အောင်က . . .

“ဒီဇာတ်ကားကို လက်ခံဖြစ်ခဲ့တာကတော့ ဇာတ်လမ်းကို ဖတ်ကြည့်တဲ့အခါမှာ ကိုယ် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်နေရာကိုကြိုက်တယ်။ နောက်တစ်ခုကတော့ ဒါရိုက်တာ ကိုဝိုင်းဖြစ်နေလို့ပါ။ ကိုဝိုင်းရဲ့သင်ကြားမှု ပညာကိုလည်းအများကြီးရခဲ့ပါတယ်။ သူက အလုပ်လုပ်တာလည်း စနစ်ကျတယ်။ သေချာပြင်ဆင်ပြီးလည်း လုပ်တတ် တယ်။ ဖွေးဖွေး၊ အလင်းရောင်၊ ရတနာဗို သရုပ်ဆောင်သုံးယောက်လုံးက ကျွန်တော့်ထက် အသက်ငယ်ပါတယ်။ ဒါပေမဲ့ သူတို့ဆီက ပညာတွေ တစ်ခုချင်းစီအများကြီးရပါတယ်။ သူတို့ရဲ့ စနစ်တကျအလုပ်လုပ်တာ တွေ၊ ပြီးတော့ သူတို့ရဲ့ဆရာအပေါ် နာခံတာတွေ၊ သူတို့မှာရှိတဲ့ ဖြတ် သန်းလာတဲ့ အတွေ့အကြုံတွေနဲ့ အလုပ်လုပ်ပုံတွေ ပြန်သင်ယူရပါတယ်။ ဒီဇာတ်ကားမှာက ကြည့်ရှုတဲ့သူတွေအတွက် ယူတတ်ရင် Message တွေရမှာပါ။ ဒီဇာတ်ကားက ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ပြောလို့မရ ပေမယ့်လည်း သရဲဇာတ်ကားကြိုက်တဲ့သူ၊ နိုင်ငံခြားဇာတ်ကားတွေမှာ ကြည့်ရှုရတဲ့အရသာမျိုးကို ကြိုက်တဲ့သူတွေဆိုရင်လာရောက် ကြည့်ရှု သင့်ပါတယ်”လို့ ပြောပါတယ်။

ကျော်ထက်အောင်ကတော့ လက်ရှိမှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ Myanmar Idol Season3 မှာ အစီအစဉ်တင်ဆက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ Myanmar Idol Season 3 မှာ ဒိုင်တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်က ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်အပေါ် Comment ကောင်းတွေပေးတာက ပရိသတ်များအကြား ဝေဖန်စရာတစ်ခုဖြစ် နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Myanmar Idol Season 3ရဲ့ အစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်တဲ့ ကျော်ထက်အောင်ရဲ့အမြင်ကို မေးမြန်းခဲ့ရာ . . .

“အဲဒါကတော့ အန်ကယ်(မြန်မာပြည်သိန်းတန်)က ဒိုင်တစ်ဦး အနေနဲ့ရော သူ့အနေနဲ့ Personal အားပေးတဲ့သူအနေနဲ့ရောဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ်ဆိုလည်း Host တစ်ယောက်အနေနဲ့မဟုတ်ဘဲ Personal အရ အားပေးတဲ့သူရှိပါတယ်။ အဲဒါကြောင့်လည်း သူ့ Fan ကိုယ့် Fan ဆိုပြီး ကွဲနေကြတာပေါ့နော်။ ကိုယ်ကတော့ ငွေစင်လှိုင်းကို သဘောကျတယ်။ ဒါပေမဲ့ ပြိုင်ပွဲဝင်တွေအားလုံးကိုတော့ တန်းတူအားပေးပါတယ်”လို့ ပြော ပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here