တစ်ကိုယ်တော်စီးရီးခွေကို ဒီနှစ်ထဲမှာထွက်ရှိဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် ဇဏ်ခီ

0
184

ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားတဲ့ သရုပ်ဆောင် ဇဏ်ခီက တော့ လတ်တလောမှာ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် ပိုင်းမှာလည်း အရည်အချင်းအပြည့်နဲ့ လုပ်ဆောင်နေသလို အဆိုပိုင်းမှာလည်း ထူး ချွန်တဲ့ ဇဏ်ခီအနေနဲ့ လတ်တလောမှာ ဂီတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေ လဲလို့ မေးကြည့်တဲ့အခါမှာတော့ ဇဏ်ခီက . . .

”ကျွန်တော်အခုဂီတနဲ့ ပတ်သက်ပြီး တစ်ကိုယ်တော်စီးရီးခွေထွက်ရှိဖို့ ပြင် ဆင်နေတယ်။ သရုပ်ဆောင်ပိုင်းပဲမဟုတ်ဘဲ သရုပ်ဆောင်ရော၊ ဂီတရော အချိုးညီညီလုပ်သွားချင်ပါတယ်။ အခုလည်း ကျွန်တော်စတူဒီယိုမှာ ROS Band နဲ့တီးဖို့ သီချင်းတွေစပြီးတော့လုပ်နေတယ်။ ကျွန်တော်မျှော်လင့် ထားတာကတော့ ဒီနှစ်မကုန်ခင်ထွက်ရှိလာမလားလို့ မျှော်လင့်နေပါ တယ်။ ဒီတစ်ကိုယ်တော်စီးရီးခွေလေးကိုလည်း အများကြီးကြိုးစားအား ထုတ်နေတယ်။ သီချင်းအမျိုးအစားကတော့ ဆိုနေကျ Rock ပဲ။ ဒါပေမဲ့ ကျွန်တော့် ပထမခွေလိုပေါ့။ ပျောက်ဆုံးနေတဲ့ ကမ္ဘာလို Heavy Metal ဘက်တော့ မဟုတ်တော့ဘူး။ အခုတော့ တခြား Rock လိုင်းကိုပါသီချင်း တွေ အကုန်လုံးကတော့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပါပဲ။ ဒီသီချင်းတွေထဲမှာ ပါမယ့် အကြောင်းအရာကတော့ အချစ်တွေ၊ အမုန်းတွေ၊ ဘဝတွေ ရှေ့ လျှောက်မယ့်ကိစ္စတွေ အဲဒီလို အကြောင်းအရာတွေပဲများပါတယ်။ အကောင်း ဆုံးပြင်ဆင်ထားပါတယ်။ ကျွန်တော့်ရဲ့ အနုပညာကိုအားပေးကြတဲ့ ပရိသတ်တွေ အတွက်လည်း ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

မကြာသေးခင်က မှော်ဘီ အောင်ဇမ္ဗူတောရကျောင်းမှာ ဘုန်းကြီးဝတ်ခဲ့တာနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ ဇဏ်ခီက . . .

”ကျွန်တော်ဘုန်းကြီးဝတ်ခဲ့တာတော့ သာမန်ရိုးရိုးပါပဲ။ ဒါပေမဲ့ ဘုန်းကြီးဝတ် တဲ့အချိန်မှတော့ တအားအေးချမ်းပါတယ်။ အောင်ဇမ္ဗူဘုန်းကြီးကျောင်းကလည်း တော်တော်ငြိမ်းချမ်းချမ်းဖြစ်အောင် ပတ်ဝန်းကျင်ကိုသေချာပုံဖော် တည်ဆောက် ထားတော့ တရားအားထုတ်တဲ့ အချိန်ကျတကယ့်ကို အာရုံစူးစိုက်လို့ရတယ်။ တခြား ဘာမှ အနှောင့်အယှက်မရှိဘူး။ တကယ်ကို အေးချမ်းပါတယ်”လို့ ပြောပြပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here