နာမည်ကြီးအနုပညာရှင် ၄ ယောက်နဲ့ ရိုက်ကူးရတဲ့ ရုပ်ရှင်ဇာတ်ကားကို အဆင်ပြေချောမွေ့အောင် ဒါရိုက်တာ ဝင်းလွင်ထက် ဘယ်လိုပုံဖော်ခဲ့လဲ

0
205

Music Video တွေကို အကောင်း ဆုံးဖြစ်အောင် ပုံဖော်ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာတစ်ယောက် အဖြစ်ကနေ အခုဆိုရုပ်ရှင်ဒါရိုက် တာတစ်ယောက်အဖြစ် ရပ်တည် နေတဲ့ ဒါရိုက်တာ ဝင်းလွင်ထက်။ သူ ဒါရိုက်တာလုပ်တဲ့ဇာတ်ကားပဲဖြစ်ဖြစ်၊ DOP လုပ်တဲ့ဇာတ်ကားပဲဖြစ်ဖြစ် သေသေသပ်သပ်၊ သပ်သပ်ရပ်ရပ်နဲ့ Quality အပြည့်အဝထွက်နိုင်ခဲ့တာ လက်တွေ့မြင်ကြရပြီမဟုတ်လား ပြီး တော့ သူကရုပ်ရှင်ပိုင်းမှာလည်း အဆို တော်တွေနဲ့ လက်တွဲလုပ်ကိုင်ဖြစ် တယ်။ အဲဒီရဲ့ အားသာချက်က…

”အားသာချက်ကတော့ သူ တို့က ခဏခဏမြင်နေကျမဟုတ် တဲ့ဟာပေါ့နော်။ အဓိကကတော့ ခဏ ခဏ မတွေ့ရတဲ့အခါကျတော့ ဥပမာ- ရဲရင့်အောင်တို့၊ လွှမ်းပိုင် တို့ဆိုရင်လည်း အခုမှ ပရိသတ်ရှေ့ မှာ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် အနေနဲ့တွေ့ရတဲ့အခါကျတော့ ပရိ သတ်အနေနဲ့ အသစ်ဖြစ်တာပေါ့။ ပြီးတော့ သူတို့သရုပ်ဆောင်တဲ့ပုံစံ ပေါ့နော်။ သူတို့ရဲ့ ပင်ကိုဟန်လေး တွေ ပါလာတဲ့အခါကျတော့ သူတို့ စတိုင်ကသူတို့ဘာသာ သူတို့သတ် သတ်တစ်ခုလိုဖြစ်နေတယ်လို့ ခံ စားရတာပေါ့”လို့ ဒါရိုက်တာ ဝင်း လွင်ထက်က ပြောပါတယ်။

လတ်တ လောတင်ရိုက်ကူးပြီးစီးသွားတဲ့ ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ်ကားရဲ့ ဒါ ရိုက်တာကလည်း ဝင်းလွင်ထက်ပါ ပဲ။ ဒီမှာက ရဲတိုက်၊ ဝတ်မှုံရွှေရည်၊ ဒေါင်းအပြင် အဆိုတော်ဘက်က လည်း နာမည်ကြီးရွှေထူး။ အားလုံးက နာမည်ကြီးတွေချည်းပဲဆိုတော့ ဇာတ်ကားရိုက်ကူးတဲ့အခါ နားလည် မှုမလွဲအောင် ဘယ်လိုလုပ်ခဲ့ရလဲ။ Pre Production က အရေးကြီး မယ် ထင်တယ်နော်လို့ဆိုတော့ …

”မရိုက်ကူးခင်ကတည်းက တစ် ယောက်နဲ့တစ်ယောက်နားလည်မှုမလွဲအောင် အိုက်တင်အပိုင်းရော၊ ပြီးတော့ ကျွန်တော်တို့ Directing လုပ်တဲ့အပိုင်းမှာလည်း ကျွန်တော်နဲ့ ကိုကျော်ထွန်းနဲ့ ညှိထားတယ်။ အိုက် တင်ပိုင်းမှာဆိုရင်လည်း ကျွန်တော် တို့ ဒီဘက်က Production Team ကလူတွေနဲ့ Actor တွေနဲ့ ညှိပြီး ရိုက်ကူးခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုမလွဲအောင် ဇာတ်ညွန်းကို ဖတ်ပြီးသွားတဲ့အချိန်မှာ Actor က လည်း သူတို့မျက်စိထဲမှာ မြင်ပြီးတွေး ထားတာ တစ်မျိုးရှိမယ်။ ကျွန်တော် တို့ကလည်း ကျွန်တော်တို့ မျက်စိ ထဲမှာ မြင်ပြီးတွေးထားတာ တစ်မျိုး ရှိမယ်။ ကျွန်တော်တို့လိုချင်တာ တစ်မျိုး၊ သူတို့မြင်နေတာတစ်မျိုးပေါ့။ အဲဒီတော့ ဆင်း(န်)ပေါ်ရောက်တဲ့အ ချိန်မှာ နားလည်မှုလွဲတာလေးတွေ ဖြစ်နိုင်တာမို့လို့ ကျွန်တော်တို့ ဇာတ် ကားမရိုက်ကူးခင်ကတည်းက Meeting အကြိမ်ကြိမ်ထိုင်ခဲ့ရတာပါ။ ကိုယ်ဖြစ်စေချင်တာနဲ့ သူတို့တွေး ထားတာနဲ့ အဲဒီ ၂ခုကိုပေါင်းစပ်ပြီး တော့ အဲဒီအထဲကမှ ပိုကောင်းမယ့် ဟာကို ဆွဲထုတ်ပြီးတော့ ယူတာပေါ့ နော်” လို့ ဒါရိုက်တာဝင်းလွင်ထက်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here