မြန်မာအကတွေကို ကျွမ်းကျင်စွာ ကနိုင်တဲ့အတွက် ဇာတ်မင်းသမီးလည်း ဖြစ်ချင်တယ်လို့ ဖွင့်ဟခဲ့သူ Little Miss South East Asia Winner ဆုရှင် သော်တာပြည့်ပြည့်အောင်

0
442

အသက် ၁၁ နှစ်အရွယ်သာရှိသေးပေမယ့်လည်း ပြီးခဲ့တဲ့ ဇူလိုင် လ ၂၅ ရက်နေ့ကနေ ၃ဝ ရက်နေ့ အထိ ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Prince and Princess International 2018 ပြိုင်ပွဲရဲ့ Little Miss International ကဏ္ဍမှာ South East Asia Winner Award ဆု၊ The Best of Traditional Talent Award ဆု၊ National Costume ဆု တွေကို နိုင်ငံပေါင်း ၄၂ နိုင်ငံက ပြိုင်ပွဲ ဝင်တွေကို ဖြတ်ကျော်ပြီးတော့ သိမ်းပိုက်နိုင်ခဲ့သူကတော့ သော်တာပြည့် ပြည့်အောင်ပဲ ဖြစ်ပါတယ်။

သော်တာပြည့်ပြည့်အောင်ရဲ့ ဒီဇိုင်နာတစ်ဦးလည်း ဖြစ်သလို မြန်မာ့ရိုးရာ ရုပ်သေးနဲ့မင်းသမီးအ ပြိုင် ကပြတဲ့ Talent မှာ ရုပ်သေးဆရာအဖြစ်လည်း ရုပ်သေးကို သေသပ် ကျစ်လျစ်စွာ ကြိုးဆွဲပေးခဲ့သူ ရွှေတံဆိပ်ဆုရှင် ကိုအောင်ထွန်းစံကတော့ ဆုတွေအ ထဲမှာမှ National Costume ဆုကို အရယူချင်ခဲ့ ဆုံးဖြစ်ပြီး ရယူနိုင် ခဲ့တဲ့ အတွက်လည်း တအားကို ဝမ်းသာမိနေ ခဲ့ကြောင်း ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ National Costume ကို သူကိုယ်တိုင် ချုပ်လုပ် ပေးထားခဲ့တာ ကြောင့် ဖြစ်တယ်လို့ သိရ ပါတယ်။

”နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင် ရတော့ မယ်ဆိုတဲ့အချိန်မှာ သော် တာပြည့်ပြည့်အောင်ကို Talent အတွက် စဉ်းစားကြတယ်။ ကျွန်တော် ကလည်း နိုင်ငံတော်အဆင့် ရုပ်သေးမှာ ရွှေတံဆိပ်ရထားတဲ့သူ တစ်ဦးပါ။ အဲဒါနဲ့ သူ့ကို အကကခိုင်းလိုက်တယ်။ ကျွန်တော်က ရုပ်သေးရုပ်ကြိုးဆွဲလိုက် တယ်။ အဲဒီလို လုပ်ပြီးယှဉ်ပြိုင်ခဲ့တယ်။ နိုင်ငံကိုယ်စားပြု ပြိုင်ရတာ ဖြစ်တဲ့အတွက် ပိုစိတ်လှုပ်ရှားစွာနဲ့ အ ကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ရတယ်” လို့ ကိုအောင် ထွန်းစံက ပြောပါတယ်။

သော်တာပြည့်ပြည့်အောင်က တော့ သူ့အနေ နဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့အပေါ် အင်မတန်ပျော်ရွှင် မိပြီး မြန်မာရိုးရာအကနဲ့ ဆုရခဲ့တာဖြစ် တဲ့အတွက် အရမ်းပျော်ခဲ့ပြီး စိတ်ကူးတောင် မယဉ်ကြည့်ခဲ့ဖူးတဲ့ အပျော်တွေကို ရယူခဲ့နိုင်တာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

”ညီမလေး အဓိကရည်မှန်း ထားတာတွေက ယဉ်ကျေးမှုနဲ့ အနုပ ညာတက္ကသိုလ် တက်ရောက်ချင်တယ်။ သမီး အရွယ်ရောက်လာရင် MIS ကို ဝင်ရောက်ယှဉ်ပြိုင်ချင်ပါတယ်။ သမီးအနေနဲ့ လာမယ့် အနာဂတ်မှာ Miss နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်သွားမယ်။ ပြီးတော့မြန်မာအက တွေကို ကျွမ်းကျင်စွာ ကပြနိုင်တဲ့အတွက် ဇာတ်မင်းသမီးလည်း ဖြစ်ချင်တယ်” လို့ ပြောပြပေး ခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here