အေဂျင်စီနဲ့ စာချုပ်သက်တမ်း တိုးခဲ့တဲ့ Jung Ryeo Won

0
150

မင်းသမီး Jung Ryeo Won ဟာ သူ့ရဲ့ အေဂျင်စီ Key East နဲ့ စာချုပ်အသစ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကတည်းက Key East နဲ့ လက်တွဲခဲ့ပြီး အေဂျင်စီနဲ့ သူတို့ရဲ့ ဆက်ဆံရေးကောင်းမွန်ကြတဲ့အတွက် အခုလို တတိယအကြိမ် စာချုပ်ထပ်မံ သက်တမ်းတိုးခဲ့တယ်လို့လည်း သိရပါတယ်။ Key East နဲ့ သူလက်တွဲခဲ့တာ အခုဆိုရင် ၇ နှစ် ရှိခဲ့ပါပြီ။

Key East က “မင်းသမီး Jung Ryeo Won ဟာ မိသားစုဝင်လို ဖြစ်နေ ပါပြီ။ အခုလို စာချုပ်ထပ်မံ ချုပ်ဆိုခဲ့တဲ့အတွက် အလွန်ကို ကျေးဇူးတင်ပါတယ်။ မင်း သမီးကို ကုမ္ပဏီဘက်က အစွမ်း ကုန် ပံ့ပိုးသွားမှာပါ” လို့ ပြော ကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here