သီချင်းခွေ ထွက်ရကျိုးနပ်တယ်လို့ ခံစားရတဲ့ခင်သဇင်

0
231

အမျိုးသမီးတွေအနေနဲ့ ရုပ်ရည် ချောမောလှပရုံတင်မကဘဲ ကိုယ် ခန္ဓာလှပဖို့၊ အသားအရေလှပဖို့ ထိန်းသိမ်းရတာကလည်း အရေးပါ လို့ နေပါတယ်။ ဒါကြောင့် အသား အရေလှပတဲ့ မင်းသမီးတွေထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် ခင်သဇင်ရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာကို သူ့ရဲ့ ပရိသတ်တွေ သိရှိဖို့ မေးမြန်းဖြစ်ခဲ့ ပါတယ်။

“အဓိကကတော့ ဇင်က အသားစားတာနည်းတယ်။ အသီးအရွက်စား တာများ တယ်။ ခြေလေးချောင်း မစားဘူး။ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့သဘောပေါ့။ အသားကြီးငါးကြီး မစားတဲ့ သဘောပါ။ နေပူထဲသွား မယ်ဆိုလည်း အသားလောင်မယ့် အရာမျိုးမလုပ်ဘူး။ အဲဒါပါပဲ။ လိုးရှင်းတွေ လိမ်းတာမျိုးလည်း မလုပ်ဖြစ်ဘူး။ ဇင်က နည်းနည်းပျင်းတယ်။ အသီးအရွက်စားလို့ပဲ ဖြစ်ပါ လိမ့်မယ်။ အဓိကကတော့ အရွက်ပေါ့။ အရွက် စိမ်းစိမ်းလေးတွေ စားမှ ရင်ထဲမှာ အေးသွား တယ်လို့ ခံစားရတယ်။ အရွက်ကြော်၊ အရွက်စိမ်း စားရင် လူက ပိုပြီးလန်းဆန်း တယ်။ အသားစားတာများရင် လူကလေး သွားတယ်။အဲဒီခံစားချက်ကို ဇင် မကြိုက် ဘူး။ ဆရာဝန်တွေက ပြောတာတော့ အသီးအရွက်တွေစားတာများရင် ကိုယ့် ခန္ဓာကိုယ်ထဲက ဓာတ်တစ်ခုက တောက် တာပေါ့။ အသားစားတာ များတဲ့လူက အဲဒီလို မတောက်ဘူး”လို့ ခင်သဇင်ကပြောပါတယ်။
အနုပညာလောက ထဲ ပြန် လည်ဝင်ရောက် လာတဲ့အခါမှာ ပရိ သတ်တွေနဲ့ အဆက်အ သွယ် မပြတ်အောင် “ခပ်ချေချေ” သီချင်း ခွေလည်း ထွက်ရှိခဲ့ တဲ့ ခင်သဇင်က ခိုး ကူးခွေတွေကြောင့် အခြေအနေမ ကောင်း တဲ့ အချိန်မှာ စီးရီးခွေ ထွက် ရှိရတဲ့ခံစားချက်နဲ့ ပတ်သက်ပြီး …

“ကိုယ်က သရုပ် ဆောင်ဘက်ကလာတာဆို တော့ အခွေထုတ်တဲ့အခါ ယုံကြည်မှုတော့ သိပ်မရှိဘူး။ ပိုက်ဆံတွေလည်း ကုန်လိုက်တာ ပေါ့။ ကိုယ်က DVD ကာရာ အိုကေပါ တစ်ခါတည်းတွဲထွက် တာဆိုတော့ ကိုယ့်ပိုက်ဆံတွေ ကိုယ်နှမြောနေတာပေါ့။ ဒီခေတ် မှာ ခိုးကူးခွေတွေလည်း ပေါနေ တာဆိုတော့ စိတ်ညစ်တာပေါ့။ ဒါ ပေမဲ့ ကိုယ့်သီချင်းတွေကို Legancy ကလည်း စာချုပ်လာချုပ်တယ်။ ကိုယ့် သီချင်းတွေကို အင်တာ နေရှင်နယ် Application တွေကနေ လည်း ဝယ်လို့ ရတယ်ဆိုတာ သိလာ ပြီ။ ကိုယ့်သီချင်း ၈ပုဒ်စလုံးကို Ring Tune လုပ်ဖို့ တောင်းလာပြီဆိုတဲ့ အ ချိန်မှာ ပျော်တာ ပေါ့နော်။ စီးရီးခွေ ထုတ်ရကျိုးနပ်တယ်လို့ ခံစားရပါ တယ်။ ရုပ်ရှင်ကျတော့ နေ့တိုင်း သွားရိုက်ရတယ်။ လူဆိုတာက ဗီဒီ ယိုဇာတ်ကားတွေဆို တစ်ခါကြည့်ပြီး ရင် ပြီးသွားပြီ။ ထပ်ထပ်ကြည့်ဖြစ်ဖို့ ဆိုတာ ရှားတယ်။ သီချင်းကျတော့ တစ်ခါဆို ပြီးသွားရင် ထပ်ထပ်ပြီး နားထောင်ဖြစ်တယ် ဆိုတော့ သီချင်း ခွေထွက်တာ မဆိုးဘူးဆိုပြီး ခံစားရပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here