Gym ကစားခြင်းနဲ့ ပတ်သက် ပြီး အထင်အမြင်လွဲမှား ခံခဲ့ရဖူးကြောင်း သရုပ်ဆောင်ထူးအောင် ပြော

0
189

နောက်တက်တဲ့ မော်ဒယ်လ်မင်းသားတွေထဲမှာ ထူးအောင်ရဲ့ Body Structure ကတော့ သိပ်ကို အားရဖွယ်ကောင်းပါတယ်။ သူဒီလို Bod မျိုးရအောင် တော်တော်လေးကြိုးစား ထားရတယ်ဆိုတာကိုလည်း အင်တာဗျူးမှာ ပြောထားဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ Gym ဆော့ပြီး ခန္ဓာကိုယ် ကြံ့ခိုင် လာတဲ့အခါ အထင်မှား အမြင်မှားခံရတာတွေလည်း ရှိခဲ့ဖူး ကြောင်း ထူးအောင်က ပြောပါတယ်။

“ဒီလိုပဲပေါ့နော်။ ကျွန်တော်လည်း ကြိုးစားနေတယ်။ ခန္ဓာကိုယ် တစ်ခုကို ပုံစံပျက်မသွားအောင်လို့ ထိန်းနေရတဲ့ အခန်းကဏ္ဍတော့ရှိ တာပေါ့။ ကျွန်တော်က ခန္ဓာကိုယ်ကြံ့ ခိုင်ဖို့အတွက် ကစားတာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံလူတွေက အထင်မှား အမြင်မှားတွေ ရှိတတ်ပါတယ်။ အဓိ ကကတော့ လူနဲ့ပဲဆိုင်တယ်။ ခံစားချက်နဲ့ပဲဆိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ထူးအောင်ကတော့ ရုပ်သံလိုင်းတစ်ခုမှာ မကြာမီထုတ်လွှင့်ပြသမယ့် ‘ပုဂံမြို့သူ’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါ တယ်။ သူ့ရဲ့ နောက်ထပ်ခြေလှမ်းတွေက …

“ကျွန်တော် ကြော်ငြာတွေ ရိုက်ကူးဖို့ရှိတယ်။ ဓာတ်ပုံရိုက်ကူးဖို့ ရှိတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ရှိတယ်။ ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ရှိတယ်။ ဒါပေမဲ့ အဲဒါတွေ အကုန်လုံး က အခုကျွန်တော် စီစဉ်နေတာပေါ့ နော်။ နာမည်တွေနဲ့ တခြား Details တွေ မသိသေးလို့ ပြန်မပြောသေးတာ ပါ” လို့ ထူးအောင်က ပြောပါတယ်။ သူအခြေချလုပ်ကိုင်ခဲ့ဖူးတဲ့ မော်ဒယ်လ်အလုပ်နဲ့ လက်ရှိလျှောက် လှမ်းနေတဲ့ သရုပ်ဆောင် အလုပ်ရဲ့ ကွာခြားချက်တွေကိုလည်း ထူးအောင်က

“သရုပ်ဆောင်ပိုင်းကကျတော့ မော်ဒယ်လ်ပိုင်းနဲ့တော့ မတူဘူးပေါ့ နော်။ မော်ဒယ်လ်ကျတော့ လုပ် ကိုင်လာတာ နည်းနည်းကြာလာတဲ့ အခါကျတော့ ဘယ်သီချင်းမှာ ဘယ်လိုလေးလျှောက်လှမ်းရမယ်ဆို တာ ကျွန်တော်သိတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းကျတော့ အဲဒီလို မဟုတ်ဘူး။ ရုပ်ရှင်ကြည့်ရှုတဲ့သူတွေက တကယ်အပြင်မှာဖြစ်သလိုမျိုး ခံစားရအောင် သရုပ်ဆောင်ရတဲ့ အခါမှာ တစ်ခါတလေကျရင် လွတ် လွတ်သွားတဲ့ အခန်းလေးတွေရှိတယ်။ အဓိကကတော့ သရုပ်ဆောင်တဲ့အထဲ ကို စိတ်နှစ်ထားမှရမယ်လို့ ထင် တယ်” လို့ ထူးအောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here