ဇာတ်ကားတွေ ရိုက်ကူးဖို့ အစီအစဉ်ရှိပါတယ် ဝါဆိုမိုးဦးညီမ သဉ္ဇာ

0
173

သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ ညီမ ဖြစ်သူသဉ္ဇာကလည်း အနုပညာကို ဝါသနာပါ သူ တစ်ယောက်ပါ။ အွန်လိုင်းမှာ သူ့ရဲ့အလှဓာတ်ပုံတွေ ပျံ့နှံ့ သွားပြီးနောက်ပိုင်း ပရိသတ်ရဲ့ အား ပေးမှုတွေရရှိထားတဲ့ သဉ္ဇာက အခု ဆိုရင် ကြော်ငြာတွေလည်း ရိုက်ကူးလာရပါပြီ။ နောက်ပိုင်းမှာ ဇာတ်ကား တွေ ရိုက်ကူးဖို့လည်း အစီအစဉ်ရှိနေ ပါတယ်။ အနုပညာကို ချစ်မြတ်နိုး ကြတဲ့ သူတို့ ညီအစ်မ နှစ်ဦးရဲ့ ဆက် ဆံရေးပုံစံက ဘယ်လိုရှိကြသလဲ ဆိုတာကိုတော့ သဉ္ဇာက …

”အစ်မက အသက် ၆ နှစ်ကြီး တယ်ဆိုတော့ ညီမကို control ပေး တယ်။ သူက အမေလိုမျိုးပါပဲ။ အမေ ထက် ပိုဆိုးတယ်။ အကုန်ထိန်းချုပ် ပေးပါတယ်” လို့ ဆိုပါတယ်။ ညီမ အချင်းချင်း အချစ်ရေးအကြောင်း တွေလည်း တစ်ခါတလေ ပြောပြလေ့ ရှိတယ်ဆိုတဲ့ သဉ္ဇာက အဆိုတော် ဖြိုးလေးနဲ့ ချစ်သူတွေဖြစ်နေကြတဲ့ အစ်မဖြစ်သူ ဝါဆိုမိုးဦးရဲ့ အချစ် ရေးနဲ့ ပတ်သက်ပြီး …

”ကောင်းပါတယ်။ ချစ်သူတွေ ရည်းစားတွေဆိုတော့လည်း ချစ်ကြ လို့ ရည်းစားတွေ ဖြစ်ကြတာလေ။ မချစ်ဘဲတော့ ဘယ်သူကတွဲကြမှာလဲ။ သူတို့အစားလည်း ပျော်ပါတယ်။ ကြည်နူးပါတယ်။ မိန်းကလေးအချင်း ချင်းဆိုတော့လည်း အစ်မက သူစိတ် ညစ်တဲ့အခါကျရင်လည်း ပြောတယ်။ သူစိတ်ပျော်တဲ့အခါကျရင်လည်း ပြောပြပါတယ်။ သူတစ်ခုခု ဖြစ်နေ တဲ့အခါ အဆင်မပြေတဲ့အခါကျရင် တော့ ညီမလေးတွေကို မဲတယ်။ (စ တာပါ)။ ကိုယ့်အစ်မဆိုတော့လည်း ခွင့်လွှတ်ပေးလိုက်ပါတယ်။ ဘာမှ မဖြစ်ပါဘူး”လို့ ဆိုပါတယ်။

နောက် ပိုင်းမှာ ဇာတ်ကားတွေ ရိုက်ကူးသွားဖို့ အစီအစဉ်ရှိပေမယ့် လောလော ဆယ်မှာ တက္ကသိုလ်တက်ရောက်ပြီး ပညာသင် ယူနေတာကြောင့် သရုပ် ဆောင်သင်တန်းတွေတက်ရောက်ဖြစ်ဦးမှာ မဟုတ်သေးကြောင်း သဉ္ဇာက ဆိုပါတယ်။ ဝတ္ထုဇာတ်လမ်းတွေများများဖတ်ဖြစ်နေပြီး ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်ရှုပြီး လည်း သရုပ်ဆောင်ပညာကို လေ့လာသင်ယူ ဖြစ်တယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here