ဖြစ်ရလေမသိန်းရှင်

0
198

ဒီကောင်မလေးတော့ လုပ်ချ သွားပြန်ပြီ။ ဒါကြောင့် ဒင်း (သင်း)တို့တွေ အိမ်ဖော်ဘဝက မတက်တာ။ အောင်မလေး !!! တော်သေးရဲ့ ကျုပ် ရွာပြန်ခိုင်းလိုက်လို့ နို့မို့ ကျုပ်မွဲကိန်း ဆိုက်မယ့်အဖြစ်”

စောစောစီးစီး ဗျစ်တောက် ဗျစ် တောက်နဲ့မကျေမနပ်ဖြစ်နေတဲ့ ဒေါ် သိန်းရှင်ကို ဦးလူတင် မျက်မှောင် ကြုတ်ပြီး လှမ်းကြည့်တယ်။ ဘာတွေ ဖြစ်နေလဲ ဆိုသည့်သဘော။

”ကျုပ်ကို လာကြည့်မနေနဲ့။ ဒီမှာ ကျုပ်စိတ်တိုနေတာ တော့်ဆီ ရောက်သွားမယ်”

”ဟမ် !! ငါလည်း ဘာမှမပြောရ သေးပါလားဟ။ မင်းကလည်း ဒေါသ ချည်းပဲ အခုမှမေးပါဦးမယ်။ စော စောစီးစီး ဘာတွေဖြစ်နေတာတုံး ဟ။ လူကြား မကောင်းအောင်”

”ဘာဖြစ်ရမှာတုံးတော့ အချိုး မပြေလို့ ရွာပြန်လွှတ်လိုက်တဲ့ အိမ် ဖော်မ မိမော်လေ”

”အေး ဘာဖြစ်တုံး အခုပြန် ရောက်နေလို့လား”

”ဘယ်က ရောက်ရမှာတုန်း ယိုးဒယားဖြစ် ကျုပ်ရဲ့ ဖိနပ်လေး ခိုး သွားလို့ တော်ရေ့”

”အမလေး မသိန်းရှင်ရယ် ဖိနပ်ကလေးတစ်ရန် ဘာဖြစ်သွားမှာ တုန်းဟာ နေစမ်းပါဦး။ ယိုးဒယား ဖိနပ်ဟုတ်လား။ ငါတွေ့နေတာတော့ မင်းစီးနေတာ ကတ္တီပါဖိနပ်တွေ များတာပါ။ ဘယ်တုန်းက ယိုးဒယားဖြစ်ဖိနပ်ဆိုတာက မင်းဆီရောက် နေရတာလဲ”

”တော်ကလည်း တိုးတိုးလုပ်ပါ ဘေးအိမ်တွေ ကြားတော့မယ်”

”အေးလေး ငါကလည်း မင်း ဘယ်တုန်းက ဝယ်လိုက်တာလဲ မေး နေတာပဲ”

ပျက်သွားတဲ့ မျက်နှာကို ထိန်း ပြီး ဒေါ်သိန်းရှင် အထစ်ထစ် အငေါ့ ငေါ့ စကားသံထွက်လာတယ်။

ဟို !! ဟို ကျုပ် …ကျုပ် ပြီး ခဲ့တဲ့တစ်ပတ်က ဟိုဘက်ရွာကအလှူ သွားတုန်းက အလှူအိမ်မှာ ရှေ့မှာ ချွတ်ထားတဲ့ ဖိနပ်လေးလှလို့ ကျုပ်စီး ကြည့်တာ ကျုပ်နဲ့ တော်နေလို့ မချွတ် ချင်တော့တာနဲ့ ကျုပ်ရဲ့ ကတ္တီပါဖိနပ် လေး အဲဒီနားထားခဲ့ပြီး စီးချလာတာ။

ဟိုတစ်နေ့က မြို့တက်ပြီး ဈေးဝယ် တုန်း ဒီလိုဖိနပ်ကလေးများ ရှိသလား လို့ မေးကြည့်တာမရှိဘူးတဲ့ ဒါက ယိုး ဒယားက လာတာလို့ ပြောတာပဲ။ အခု အဲဒီဖိနပ်ကို ဟိုသေနာမလေးခိုး သွားလို့ စိတ်တိုနေတာ”

ဟေ !!!!

ဦးလူတင် ဟေ တစ်လုံးမှလွဲပြီး

ပါးစပ်အဟောင်းသား။

သြော် … ဖြစ်ရလေ မသိန်း ရှင်။

အေပရယ်ညိုညိုချော (လားရှိုး)


LEAVE A REPLY

Please enter your comment!
Please enter your name here