2018 ခုနှစ်အတွက် MTV ဆု ချီးမြှင့်ခံရတော့မယ့် ဂျနီဖာလိုပက်စ်

0
153

၂၀၁၈ ခုနှစ်အတွက် ချီးမြှင့် ပေးအပ်တဲ့ MTV’S Video Vanguard Award ဆုကို ဆွတ်ခူး ရရှိသွားသူကတော့ အဆိုတော်၊ ရုပ် ရှင်သရုပ်ဆောင် ဂျနီဖာလိုပက်စ်ပဲ ဖြစ်ပါတယ်။ ဆုရရှိတာနဲ့ပတ်သက် ပြီးတော့လည်း ဂျေလိုအနေနဲ့ အလွန် စိတ်လှုပ်ရှားရကြောင်း ပြောပါတယ်။

MTV ဆုနဲ့ ပတ်သက်ပြီးတော့ Facebook မှာ တိုက်ရိုက်အင်တာ ဗျူးပြီး ထုတ်လွှင့်ခဲ့ပါသေးတယ်။ အဆိုပါအင်တာဗျူးမှာ ဂျေလိုက “ကျွန်မက အဲဒီ MTV ဆုကြီး စတင် ပေါ်ပေါက်လာတဲ့ကာလအစ တစ် လျှောက်မှာ ကျွန်မအနုပညာဘဝ စတင်ခဲ့တာပါ။ ကျွန်မအမြဲစောင့် ကြည့်ခဲ့ရတယ်။ အဆိုတော် တီနာ တားနား၊ ဘရုစ်စပရင်းစတင်း၊ မက် ဒေါနားနဲ့ မိုက်ကယ်ဂျက်ဆင်တို့ အဆုံးပေါ့” ဆက်လက်ပြီး “ကျွန်မ ဘဝတစ်လျှောက် တောင့်တလိုလား ခဲ့တဲ့ဆုပါ။ အနှစ် ၂၀ ကျော် ဖြတ် သန်းခဲ့ပြီးမှ ရရှိခဲ့လို့ တန်ဖိုးထားပါ တယ်”လို့ ပြောခဲ့ပါတယ်။

အဆိုပါ MTV ဆုကို ဂျေလို ထက် အရင်ဦးအောင် ချီးမြှင့်ခံခဲ့ရသူ တွေက ရီဟားနား၊ ဂျပ်စတင် တင်း ဘားလိတ်စ်၊ ဘီယွန်ဆေး၊ ကန်နေ ဝက်စ်နဲ့ ပင့်တို့ ဖြစ်ပါတယ်။ MTV အမည်နဲ့ ဂီတဗီဒီယိုတွေကို ဆုချီး မြှင့်လာတာ ၁၉၉၁ ခုနှစ်ကတည်း ကလို့ သိရပါတယ်။ အခုနှစ်ပွဲကို တော့ လာမယ့် ဩဂုတ်လ ၂၀ ရက် နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

Ref:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here