Art by May Kha Nail Art သင်တန်းဆင်းပွဲ ကျင်းပ

0
203

Art by May Kha Nail Artသင်တန်းကျောင်းရဲ့ သင်တန်းဆင်း ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့က Melia Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းသူတွေအတွက် သင် တန်းဆင်းပွဲတွေကို ၄ လတစ်ကြိမ် ကျင်းပပေးနေတဲ့အပေါ် Art by May Kha မှ တာဝန်ရှိသူ မမေခက

”အစ်မတို့ သင်တန်းမှာတက်ရောက်တဲ့ သင်တန်းသူလေးတွေကို ၄ လ တစ်ကြိမ် သင်တန်းဆင်းပွဲ ပြုလုပ်ပေးပါတယ်။ ဒီတစ်ခေါက်မှာလည်း သင်တန်း ဆင်းတာက ၅၆ ယောက်ပေါ့။ သင် တန်းဆင်းလက်မှတ်တွေကို သေ သေချာချာလေးပေးချင်လို့ ဒီလိုပွဲ လေးတွေ လုပ်ပေးဖြစ်တယ်။ အဲဒီ တော့ သူတို့လည်း ပိုပြီးကျေနပ်တာ ပေါ့။ အစ်မတို့ သင်တန်းကို ၂ဝဝ၈ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာ။ အဲဒီ အချိန်ကတည်းက ပညာသင်ကြားခဲ့ တဲ့ သင်တန်းသူတွေကိုလည်း နိုင်ငံခြားထိ ပညာသင်ခွင့်ရအောင် ဆက် သွယ်ပေးတယ်။ ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်နိုင်အောင် သင်ကြားပေးခဲ့တဲ့အတွက် အခုဆိုအစ်မသင်တန်းမှာတက်ရောက်တဲ့သူတွေလည်း တော်တော်များပြားလာ ပါပြီ။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

Art by May Kha သင်တန်း ကို တိုက် A1, အခန်း ၁ဝ၃၊ ပထမ ထပ် ဇောတိကအိမ်ရာ၊ လေးထောင့် ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ် ထားရှိတယ်လို့ သိရပါတယ်။

T.S.H


LEAVE A REPLY

Please enter your comment!
Please enter your name here