မြို့ပြ

0
79

အတ္တ အင်​ဂျင်​တပ်​ထားတဲ့
လူ​တွေ များလာ​တော့
မာနမီးခိုး​ တအူအူနဲ့
မြို့ ပြဟာ…….
လေထု ညစ်​ညမ်း​လာတယ်​။

ငါ မဟုတ်​တဲ့
ငါတွေ ကိုင်​စွဲရင်း
အပြိုင်​အဆိုင်
အနိုင်​​ကြဲကြ​တော့
သောကမီး​တွေ
တဟုန်းဟုန်း​တောက်​လို့
မြို့ ပြဟာ…….
လောင်​တိုက်​မှာ မွန်းကျပ်​​နေတယ်​။

အရင်းရှင်​ဝါဒ​အောက်​မှာ
သမင်​​မွေးတဲ့
ယုန်​သူငယ်​​တွေ​ကြောင့်
မြို့ ပြဟာ…
အသားစားသတ္တဝါ​တွေရဲ့
စားကျက်​​မြေ ဖြစ်​လာတယ်​။
ပကာသန​တွေ အုတ်မြစ်နဲ့
နေသားတကျ
မြို့​ ပြလူတန်းစား​တွေက
အပြုံးတု​တွေနဲ့
သဏ္ဌာန်​ပါ​အောင် ဟန်လုပ်ရင်း
မြို့ ပြဟာ……
တိရစ္ဆာန်​တရား​တွေနဲ့
တောနက်​ကြီး သဖွယ်​လို။

ကိုမျိုး(​ရေ​တော်​) 


LEAVE A REPLY

Please enter your comment!
Please enter your name here