Online Donation Group (ODG) နဲ့ ရေဘေးသင့် ပြည်သူတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ ခင်ဝင့်ဝါ နဲ့ ဇွန်သံစဉ်

0
226

နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်တွေများမှာ ရေကြီးခြင်းဟာလည်း အမြဲတမ်းကြုံ တွေ့နေရပါတယ်။ ရေကြီးပြီဆိုတိုင်း မြန်မာနိုင်ငံရဲ့ အလှူအတန်းရက်ရော တဲ့ ပြည်သူတွေက ရေကြီးတဲ့နေရာ တွေကို သွားရောက်လှူဒါန်းလေ့ရှိပါ တယ်။ အဲဒီလိုလှူဒါန်းတဲ့အချိန်မှာ ရိုးရိုးသာမန်လူတွေလည်း ပါသလို အနုပညာရှင်များကလည်း ကိုယ့်ရဲ့ ချွေးနှဲစာနဲ့ တစ်ပိုင်တစ်နိုင်ကို ရေ ဘေးသင့်နေတဲ့ပြည်သူတွေကို သွား ရောက်လှူဒါန်းကြပါတယ်။ ဒီနှစ်မှာ တော့ သရုပ်ဆောင် ခင်ဝင့်ဝါနဲ့ အလှမယ် ဇွန်သံစဉ်တို့က Online Donation Group (ODG) နဲ့ ပူး ပေါင်းပြီး ပဲခူးတိုင်းရေဘေးဒုက္ခသည် တွေကို သွားရောက်လှူဒါန်းခဲ့ပါ တယ်။

ရေဘေးဒုက္ခသည်တွေကို သွားရောက်လှူဒါန်းဖြစ်ခဲ့ပုံနဲ့ ပတ် သက်ပြီး ခင်ဝင့်ဝါက …

”ညီမတို့ Online Donation Group (ODG) နဲ့ ပဲခူး က ရွာနှစ်ရွာမှာ ရေဘေးသင့်ပြည်သူ တွေကို သွားရောက်လှူဒါန်းခဲ့တယ်။ အိမ်ခြေ ၅ဝဝ အတွက်လည်း တစ် အိမ်ထောင်ကို ဆန်လေးပြည်၊ ငါးပိ တစ်ဘူး စောင်တစ်ထည်၊ ဖယောင်း တိုင်တစ်ထုပ်ဆီ လှူဒါန်းခဲ့တယ်။ ညီ မတို့ သွားရောက်လှူဒါန်းတဲ့နေရာက လာလှူတဲ့ သူတွေ တော်တော်နည်း တယ်။ ညီမတို့ မလှူခင် တစ်ရက်၊ နှစ်ရက်လောက်က ရေကြီးတာ ၅ ပေကျော် လောက်ရှိပေမယ့် ညီမတို့ သွားရောက်လှူဒါန်းတဲ့အချိန်မှာ ရေ ကျသွားပါပြီ။ အဲဒီလိုမျိုးသွားလှူ ဒါန်းတဲ့အချိန်မှာ ကိုယ်တွေကို သူ တို့တွေကြည့်တဲ့ မျက်လုံးတွေက အား ကိုးတဲ့မျက်လုံးတွေနဲ့ ကြည့်နေတော့ စိတ်ထဲလည်း မကောင်းဘူး။ ကိုယ် လည်း တတ်နိုင်သလောက် လှူဒါန်း ခဲ့တော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာမှ မဟုတ် ဘူး။ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့နေရာတိုင်းကို စိတ် ဓာတ်မကျဖို့ အားပေးချင်တယ်။ မြန် မာနိုင်ငံမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ သူ တွေကိုလည်း အားပေးချင်ပါ တယ်။ စိတ်ဓာတ်မကျဖို့ပေါ့။ အဓိကက စိတ်ဓာတ်တွေမကျဘဲ ကိုယ်ရပ် တည်နေတဲ့ နေရာမှာ အကောင်းဆုံး ကြိုးစားစေချင်ပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ကြိုးစားမှုက ရောင်ပြန်ဟပ် ပြီး ကိုယ်နေထိုင်တဲ့ဘဝကို အ ကောင်းဆုံး ဖန်တီးနိုင်မှာပါ”လို့ ခင် ဝင့်ဝါက ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here